(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-7♥
Rule-1🔥Let it go🔥
မနေ့က မှောင်မိုက်ခြင်းတွေနဲ့ ဒီနေ့ရဲ့အလင်းကို အရိပ်မလွှမ်းပါစေနဲ့...
🖤♥🖤♥
ဖြာကျနေတဲ့ အပြာရောင်လမင်းကြီးရယ် စုတ်တံမကူဘဲ လှနေတဲ့တိမ်ပန်းချီတွေရဲ့ ဖြတ်လျှောက်အလှတရားတွေနဲ့ ကောင်းကင်ကြီးက ပြည့်စုံတာထက်တစ်လှမ်းသာနေပြီ.....
ကိုကိုကတော့ ကျွန်တော့်ကိုပွေ့ဖက်ရင်း ငြိမ်းချမ်းစွာအိပ်မောကျနေလေတော့ ကျွန်တော်လဲ သူ့လက်ထဲကနေအသာရုန်းထွက်ပြီး လိုက်ကာစကို အကုန်ဖွင့်လိုက်သည်....
ဒီလောက်လှတဲ့အလှတရားကို တစ်ယောက်တည်းမကြည့်ချင်ပါဘူး...
အိပ်ပျော်နေလဲ သူ့အိပ်မက်တွေလှစေချင်ပါတယ်....
လိုက်ကာစကိုဆွဲရင်း လရောင်ဖြာကျနေတဲ့ သူ့ကိုကြည့်လိုက်တော့ ကျွန်တော့်ရဲ့နတ်သားကြီးက ပြုံးလို့....
တကယ့်ကိုပြည့်စုံလွန်းတဲ့ ကိုကိုပါပဲ....
လရောင်အောက်မှာပြုံးပြုံးကြီး အိပ်မောကျနေတဲ့ သူ့နားတိုးကပ်ရင်း သူ့ဘက်မျက်နှာမူပြီး လှဲလျောင်းလိုက်သည်....
အခု ညအလှကိုကြည့်စရာမလိုတော့ဘူးလေ....
သူ့မျက်နှာပေါ် ဆမ်းထားတဲ့လရောင်နဲ့တင် ကျွန်တော့်ရင်ထဲအရမ်းလှနေပြီ....
နှာခေါင်းပေါ်က မှဲ့နက်ပိစိလေးကို အသာလေးနမ်းတော့ ကျွန်တော့်ရင်ထဲ နွေးသွားတာပဲ....
သူပြောဖူးတဲ့ အချစ်ရဲ့နွေဦးဆိုတာ ဒီခံစားချက်ထင်ပါရဲ့....
အခု အမြဲတမ်းထာဝရ ယုံကြည်ရဖို့သေချာသွားပြီဆိုတော့ ဒီလိုနွေးထွေးခြင်းတွေက ကျွန်တော်နဲ့ကိုကို့ကြားမှာအမြဲရှိနေမှာပါနော်....
ရင်ထဲကတီးတိုးစကားတွေနဲ့ သူ့ကိုခိုးနမ်းတော့ အသည်းထဲမှာအေးလိုက်နွေးလိုက်နဲ့....
♥ချစ်တယ် ကိုကို....
သူ့ရင်ခွင်ထဲတိုးဝင်ရင်း သူ့ရင်ဘတ်မျက်နှာအပ်ထားလိုက်တော့ ကျွန်တော့်ကိုတင်းကြပ်စွာပွေ့ဖက်လာတဲ့သူ့လက်တွေကြောင့် တစ်ယောက်တည်း ဂုဏ်ယူရသေးသည်....
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း