Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Chromatophilia-12❤️
ကိုကိုအိမ်ကနေထွက်သွားတည်းက အတွေးတစ်နေရာက နင့်နင့်သည်းသည်းခံစားချက်ကဘယ်လိုမှဖျောက်မရ။ ဘာရယ်တပ်အပ်သေချာမသိသော ဝေဒနာဆန်ဆန်ခံစားချက်ကို အရင်းအမြစ်လဲမရှာရဲ။ ရှာမိရင်လဲ စိုးရိမ်ပူပန်ကြောင့်ကြခြင်းတွေသာ တစ်သီတစ်တန်းထွက်ကျလာဦးမည်။ ယောကျာ်းရင့်မာကြီးတစ်ယောက်ကို စိတ်ပူရတာစိုးရိမ်ရတာလဲ ရယ်စရာတော့အကောင်းသားဆိုပေမဲ့ ကိုယ်နဲ့ကလေးတွေကအိမ်ထဲမှာ လုံခြုံရေးအပြည့်နဲ့ နေရပြီးသူကအပြင်မှာလေ။
မပြောကောင်းမဆိုကောင်း ကလေးတွေကို cover ယူပြီးသူ့ကိုအဓိကတိုက်ခိုက်ချင်တာများလား။ ခုချိန်မှာ Mikeကိုယ်တိုင်လဲ သူ့နားမနေနိုင်ပဲ အဲ့ကိစ္စနဲ့ နပန်းလုံးနေရတာဆိုတော့....
မီးခိုးကြွက်လျှောက်အတွေးမျှင်က နှလုံးသားကို မီးစွဲလောင်စေပြီမို့ ကလေးတွေနားထိုင်ပြီး စိတ်ကယောက်ယက်ခတ်စပြုနေပြီ။ သူ့နောက်ပဲခုချက်ချင်းပြေးလိုက်ရမှာလား ဖုန်းပဲဆက်ပြီး အိမ်အမြန်ပြန်လာခိုင်းရမှာလားတွေးနေတုံး ရင်ထဲလှပ်ခနဲ ဖြစ်သွားတော့ ရင်ဘတ်ကိုဖိထားလိုက်ရသည်။
"သား ဘာဖြစ်လို့လဲ"
ကျွန်တော့်ပုံစံမြင်တာနဲ့ ဖေဖေက မေးလာပြီ။
❤️ ဘာမှမဖြစ်ပါဘူး ဖေဖေ ရုတ်တရက်ရင်ထဲ တစ်မျိုး ဖြစ်သွားလို့ပါ
ဖေဖေ့ကို စိတ်မပူပန်စေဖို့ပြောဆိုပြီး ဖုန်းတော့ခေါ်မှဆိုတဲ့စိတ်နဲ့ ရှေ့ကစားပွဲပေါ်တင်ထားတဲ့ ဖုန်းကိုယူဖို့လက်အလှမ်း ကျယ်လောင်စွာထမြည်တဲ့ဖုန်းသံကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ထိတ်လန့်ခြင်းနဲ့ ရပ်တန့်သွားရသည်။
တချို့သော တိုက်ဆိုင်မှုတွေဟာ မမျှော်လင့်ခြင်းနဲ့ ထပ်တူကျရင်သိပ်ကိုကြောက်စရာကောင်းလွန်းတယ်လေ။
"သား ဖုန်းကိုင်လိုက်လေ "
ဖေဖေသတိပေးမှပဲ ဆူညံနေတဲ့ဖုန်းကိုကောက်ကိုင်လိုက်တော့ ကြားရတာက အန်ကယ်Non အသံ။
KAMU SEDANG MEMBACA
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
Fiksi PenggemarFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း