🖤Freedom-16♥

1.1K 154 113
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Freedom-16♥

အချိန်ရဲ့ ကုစားခံဒဏ်ရာတွေမှာ ကိုယ့်ရဲ့ကြောက်ရွံ့ခြင်းဒဏ်ရာဟာ ဘယ်တော့မှမပါခဲ့ဘူး baby 🖤

🖤♥🖤♥

မည်သို့မည်ပုံအိပ်ပျော်သွားမှန်းမသိပဲ နိုးလာလို့အပြင်လှမ်းကြည့်လိုက်တော့ ညနေတောင်စောင်းပြီ။

ချစ်ရသူရဲ့စိတ်ဆိုးမှုကင်းမဲ့ဇုန်ထဲ ပြန်ရောက်ခဲ့ပြီးပြီဆိုတဲ့အသိကတော့ နိုးလာတာနဲ့ရင်ထဲကို နွေးထွေးစွာတိုးဝင်လာခဲ့ပြီးသား။

နွေးထွေးခြင်းတွေနဲ့ ဘေးကိုစောင်းငဲ့ကြည့်တော့ ကျွန်တော့်ဘေးမှာ ခေါင်းအုံးမှီထိုင်ပြီး အလုပ်လုပ်နေတဲ့ကိုကို့ကို တွေ့လိုက်ရသည်။

တည်ကြည်ခန့်ညားမှုဆိုတာဟာ သူ့မျက်လုံးကိုဘေးတစောင်းမြင်ရရုံနဲ့တောင်လွှမ်းမိုးနိုင်တဲ့အနေအထားပေါ့။

အလုပ်ထဲမှာအာရုံစူးစိုက်ထားတဲ့ မျက်ဝန်းတွေကလေးစားယုံကြည်ချင်စရာအရိပ်အငွေ့တွေနဲ့ ပြည့်နှက်နေတာမျိုး။

အခုလဲ ကျွန်တော်နိုးနေတာတောင်သူမသိတော့ သူသိအောင်အချက်ပြဖို့လိုနေပြီမို့ စိတ်လွတ်ကိုယ်လွတ်အကြောတွေဆန့်ထုတ်ရင်း အသံပြုဖို့တွေးပြီး လက်တွေကိုဆန့်အထုတ်....

🖤 ဟင် baby.....

အသံနောက်က ထပ်ချပ်မကွာ ကပ်ပါလာတဲ့သူ့လုပ်ရပ်ကြောင့် ကျွန်တော့်မှာအံ့အားသင့်ရုံကလွဲလို့ပြောစရာစကားတောင်ရှာမရတော့ပါဘူး။

ဆန့်ထုတ်ဖို့ပြင်နေတဲ့ကျွန်တော့်လက်နှစ်ဖက်ကိုအသာတွန်းပြီး ကျွန်တော့်ကိုဆတ်ကနဲပွေ့ထူပြီး ခါးကိုခပ်တင်းတင်းတစ်ချက်ဖက်လိုက်တာလေ။

🖤 သတိလက်လွတ်နဲ့များ အပျင်းဆန့်ဖို့ပြင်နေတာလား သူပုန်ကောင်လေးရယ် ရင်ဘတ်ကနာသွားမှာပေါ့ ကလေးလေးရဲ့....

ကျွန်တော့်ပါးပေါ်နှာခေါင်းနှစ်ရင်း ပြောနေတဲ့သူ့စကားတွေကြောင့် ရုတ်တရက်ဘာမှပြန်မပြောနိုင်ပဲ ပြုံးရုံသာတတ်နိုင်တော့တာလေ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now