Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-22❤️
🖤 ဒါ ကျွန်တော်တို့ သားပါ အမေ
P' Perth ဆီကအဲ့စကားကြားရချိန်မှာ ကိုကို့ရဲ့ထိတ်လန့်တကြားအော်ဟစ်သံထက် ဘေးနားကလဲပြိုမှုတစ်ခုက ကျွန်တော့်ကိုပိုခြောက်ခြားသွားစေခဲ့တာပါ။ P'Saint လဲကျသွားခဲ့တာလေ အရုပ်ကလေးတစ်ရုပ်လိုမျိုးပဲ ဝက်ဝံရုပ်လေးကိုပွေ့ပိုက်ရက်သားနဲ့ လဲကျသွားခဲ့တာ။
🐒P'..... P'........ထပါဦး
ကျွန်တော်ရူးသွားချင်ပြီ ဒီလိုအခြေအနေကြီးမှာ ကျွန်တော်အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်ပြီ။
ဝုန်းခနဲ တံခါးတွန်းဖွင့်တဲ့အသံနဲ့ P'ကို ဆွဲပွေ့လိုက်တာက P'Perth ....
🖤 baby ......... baby သတိထားပါဦး baby
အသက်ရှူသံပြင်းပြင်းနဲ့ ဆောက်တည်ရာမရဖြစ်နေတဲ့ P'Perth ကိုကြည့်ရင်း ကျွန်တော်လဲထိတ်လန့်တုန်လှုပ်ခြင်းနဲ့ မျက်ရည်မထိန်းနိုင်တော့။
🖤 Leo သွား အထဲက ကလေးကိုခေါ်ပြီး P'အိမ်ကိုသွားနေပေး နော်
ပြောပြီးတာနဲ့ မေ့မျောနေတဲ့ P'Saint ကိုပွေ့ချီကာ ပြေးထွက်သွားတဲ့နောက်မှာ ကိုကိုက ကျွန်တော့်ပုခုံးကို တစ်ချက်လာရောက်ဆုပ်ကိုင်ပြီး ပြေးလိုက်သွားလေတော့သည်။
"ဟင်း gay ဆိုတဲ့အတိုင်းပဲ အဆင့်မရှိတဲ့ဟာတွေ သွား နင်လဲ ငါ့မျက်စိရှေ့မနေနဲ့"
ခက်ထန်နေတဲ့လေသံကိုကြားရတာ ကျွန်တော့်ရင်တွေ တစစီကွဲရသည်။ အပြစ်မဲ့တဲ့ကလေးကို အော်ထုတ်နေတဲ့ပုံက ညှာတာခြင်းကင်းမဲ့လွန်းတာမို့ ကလေးရှိရာပြေးပြီး ကောက်ချီလိုက်တော့ သူ့ခမျာကြောက်လွန်းလို့ တုန်နေရှာသည်။
"နင်ကဘာလဲ Perth အိမ်က အလုပ်သမားလား ငါ့သား ဆိုင်ကအလုပ်သမားလား ဘယ်ကပဲဖြစ်ဖြစ် ဒီကလေးကိုခေါ်သာသွား မျိုးမစစ်တွေ"
ကျွန်တော့်ရင်တွေလဲ တစ်စစီကွဲကြေမတတ်ပါပဲ။ ချစ်ရသူရဲ့အမေက ကျွန်တော့်ရဲ့ဖြစ်တည်မှုကို မသိပဲ အခုဆက်ဆံသွားပုံက ကျွန်သာသာအနေအထားမျိုးနဲ့ ရင်ခွင်ထဲကတုန်နေတဲ့ ကလေးလေးနဲ့အပြိုင် ကျွန်တော်လဲ တုန်ယင်နေမိပြီ။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း