(Unicode )
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-2♥
ယုံကြည်ခြင်းနှစ်ထပ်နဲ့ ကမ္ဘာက တစ်ဝက်တစ်ပျက်မှာ ရပ်တန့်နေတော့မလား....
မလွတ်မြောက်ခြင်းတွေနောက်မှာ ချစ်ခြင်းတွေကပြုံးပြနေဆဲပဲ.....
ဒီလိုနဲ့ပဲ နေ့ရက်တချို့ဟာ အသက်မရှူတော့တဲ့မျဥ်းသေတွေ ဖြစ်လာတယ်တဲ့လေ....
🖤♥🖤♥
🖤ဒီနေ့ရော တကယ်မလိုက်ဘူးလားကွာ....
လည်ပင်းက Necktie ကို အကျအနချည်ပေးနေတဲ့ ကျွန်တော့်ရဲ့ နတ်သားလေးကို မေးတော့ သွားဖြူလေးတွေက ကျွန်တော့်ကမ္ဘာတစ်ဝက်ကို သိမ်းပိုက်သွားပြီ...
ကျန်တဲ့တစ်ဝက်ကတော့ အပြုံးလေးပေါ့ဗျာ....
♥ ခုမှကလေးတွေနဲ့ အလွမ်းသယ်လို့ကောင်းတုံးဟာကိုဗျာ..... ကိုကိုကလဲ babyကို အဲ့လောက်စိတ်မပူပါနဲ့ နော်....
ထပ်ပြောနေရင် ကိုယ်မေ့ထားတဲ့ အရှုပ်အထွေးတွေနဲ့ သူ့ကိုပြန်နာကျင်စေမိမှာစိုးလို့ နှုတ်ဆိတ်ပြီးပဲ နေလိုက်ပါတော့တယ်....
မနေ့ညက သူသတိမထားမိတဲ့ ပြောင်းလဲခြင်းကြောင့် ကျွန်တော်ဘယ်လိုတွေခံစားနေရလဲဆိုတာ သူမသိဘူးလေ....
ယုံကြည်ခြင်းတစ်ခုကိုပဲ ဆုပ်ကိုင်ဖို့ရှိတဲ့အချိန်မှာ အရှုပ်အထွေးတွေကို ငါးစာလုပ်ပြီး နာကျင်ခြင်းတွေ မျှားယူသူက ကျွန်တော်မဖြစ်ချင်ဘူးလေ....
🖤 ဒါဆို စိတ်ချမယ်နော် baby....
♥ ဟုတ်ကဲ့ပါခင်ဗျ....
သူ့ဆံပင်မှိုလုံးလေးကို ဆွဲဖွရင်း နဖူးကိုတစ်ချက်နမ်းပြီး အလုပ်သွားဖို့ထွက်ခဲ့တော့သည်......
ကားနားထိသူလိုက်ပို့ပြီး ကားထွက်သွားတဲ့ထိ အိမ်ပေါက်ဝကနေ တာ့တာက လှမ်းပြနေသေး.....
စိတ်မချပေမဲ့ ဖေဖေရော P'Chenကို သာမက သားနဲ့သမီးကိုပါ မင်းတို့ပါပါးကို သေချာကြည့်ထားဦးလို့ ပြောခဲ့မိတဲ့အထိ ကျွန်တော့်ရဲ့ စိတ်ကလုံခြုံမနေတော့....
ဆေးသောက်ဖို့အချိန်အတိအကျကိုပါ ဖေဖေ့လက်ထဲဆေးဘူးထည့်ပေးရင်း မှာထားတာမို့ အဲ့ကိစ္စကိုတော့ တွေးမပူပါဘူး....
KAMU SEDANG MEMBACA
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
Fiksi PenggemarFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း