(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Summer Love♥
🖤Part-6♥
ဂရုမစိုက်ခြင်းဆိုတဲ့ စကားစုဟာ ခင်ဗျားလက်ထဲရောက်မှ သိပ်ချစ်စရာကောင်းသွားတာ ဘာကြောင့်လဲ???
သေချာတာကတော့ အချစ်ကြောင့်ပဲနေမှာပါ....
သိပ်ချစ်ကြတာမို့လို့လေ🖤♥🖤♥
🖤♥🖤♥
ရင်ခွင်ထဲမှာ နာကျင်မှုတွေကို ခံယူနေတဲ့သူ့ရဲ့အသက်ရှူသံခပ်ပြင်းပြင်းရယ်....
တိတ်ဆိတ်ခြင်းသက်သက်ရယ်...
အဲ့အရာနှစ်ခုကလွဲလို့ ကျန်တဲ့အရာအားလုံးဟာခုချိန်မှာ ငြိမ်သက်နေတာပါပဲ...
ကျွန်တော်လဲအဲ့ငြိမ်သက်ခြင်းတွေထဲ အပါအဝင်ပေါ့။
ငြိမ်သက်နေရာကနေ ရင်ခွင်ထဲကနေရုတ်တရက်ရုန်းထွက်သွားတော့ ကျွန်တော်လွှတ်ပေးလိုက်မိသည်။
ရင်ခွင်ထဲကနေထွက်ပြီး သူ့ခေါင်းအုံးရှိရာသွားကာ လှဲချလိုက်တဲ့ကိုကို့ကြောင့် ကိုယ်လဲသူ့ဘေးနားလှဲချလိုက်ကာ သူ့လက်ကိုဆုပ်ကိုင်ထားလိုက်သည်။
♥ကိုကို.....
ခေါ်ပေမဲ့ မလှုပ်မယှက်ပဲ မျက်နှာကြက်ကိုပဲငေးရင်း ငြိမ်လို့....
စိတ်အရမ်းထိခိုက်သွားတာမြင်ရတော့ ကျွန်တော့်မှာ ဘာလုပ်ပေးလို့ပေးရမှန်းမသိ....
စကားတွေပြောနေရင် အနှောင့်အယှက်ဖြစ်မလား ဒါမှမဟုတ် ဒီတိုင်းတိတ်ဆိတ်နေတာက ပိုဆိုးမလား...
♥ကိုကို.....
🖤တိတ်တိတ်လေး ခဏနေပေးပါလား baby.....
သူစိတ်ထိခိုက်ပင်ပန်းနေချိန်မှာ ထွက်လာတဲ့စကားဆိုတာသိပေမဲ့ ဘာလို့ကျွန်တော်ဝမ်းနည်းသွားမိတာလဲမသိ...
ခုနတုံးက သူ့ကိုဘေးကနေအတင်းနှင်လွှတ်ပြီး အခုကိုယ့်အလှည့်ကျတော့မှဝမ်းနည်းခံစားရကောင်းမှန်းသိတဲ့ကျွန်တော်က တစ်ကိုယ်ကောင်းအရမ်းဆန်နေပြီပေါ့....
သူ့တောင်းဆိုမှုနောက်မှာအသံကတိတ်သွားပေမဲ့ နှလုံးသားကတော့ဆူညံစွာတွေးတောနေမိဆဲပါပဲ....
ВИ ЧИТАЄТЕ
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
ФанфікиFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း