(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Road to Love-3♥
နှလုံးသားကိုဖွင့်ပြီး ဘဝရဲ့လေးလံခြင်းတွေကို လွှင့်ပစ်ထား baby...
မနက်ဖြန်ဆိုတဲ့ကာလမှာ တလောကလုံး မင်းနှလုံးသားထဲ ရောက်လာတော့မှာမို့လို့လေ...🖤♥
🖤♥🖤♥
လည်ချောင်းထဲခြောက်ကပ်ကပ်နဲ့ ကျောရိုးတစ်လျှောက် စူးရှတဲ့နာကျင်မှုတို့ကြောင့် အိပ်နေရာကနေမျက်လုံးတွေဖွင့်ကြည့်မိတော့ပြတင်းပေါက်က လရောင်ကဖြာကျနေဆဲ....
ညက ကိုကိုခေါ်တဲ့ကောင်းကင်ဘုံကိုရောက်ပြီး လူကသူ့အကြင်နာတွေအနမ်းတွေကြားနစ်မျောပြီး ဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိ...
ရေတော့ ထသောက်မှဆိုတဲ့စိတ်နဲ့ လှဲနေရာကနေမထခင် ကိုယ့်ဟာကိုယ်အရင်ကြည့်ရသေးသည်...
တော်ပါသေးရဲ့ ညအိပ်ဝတ်စုံအသစ်လေးလဲပြီးသားဖြစ်နေလို့....
ဒါမျိုးကျတော့လဲ ကျွန်တော့်ကိုကိုက ချစ်ဖို့ကောင်းသား...
ထွေးဖက်ထားတဲ့ သူ့လက်တွေကိုဖယ်ပြီးကုတင်ပေါ်ကနေ ခြေဖွနင်းပြီးဆင်းဖို့ခြေဖျားထောက်လိုက်တာနဲ့ စိမ့်တက်လာတဲ့နာကျင်မှုကြီးကြောင့် ချက်ချင်းမတ်တပ်မရပ်နိုင်သေး....
ဒီလူကြီးဟာ စိတ်မထင်ရင်မထင်သလို လေထဲတောင်မရှောင်ဘူး...
မကျေမနပ်နဲ့အိပ်နေတဲ့သူ့ကိုလှည့်ကြည့်ရင်း နှာခေါင်းဆွဲညှစ်ပြီး လိမ်ပစ်လိုက်သည်...
အဲ့လောက်လုပ်တာတောင် အင်း.. အဲ.. အသံပဲထွက်ပြီး အိပ်နေတာက တရှူးရှူးနဲ့...
မနာလိုလိုက်တာဗျာ....
အခုတော့ညသန်းခေါင်ယံ ကောင်းကင်မှာ ကျွန်တော်ရယ် ကြယ်လေးတွေရယ် တိမ်တွေရယ်နဲ့ လမင်းကြီးရယ်ပဲ မအိပ်ကြတာပေါ့...
အဲ့လိုလေးတွေးမိတော့လဲ ပျော်စရာကောင်းသား....
ရေထသောက်ပြီးတော့ ကုတင်ပေါ်ပြန်တက် ခေါင်းအုံးကိုကိုယ့်ရှေ့ထောင်ပြီး ခေါင်းအုံးပေါ်အလိုက်သင့်မှောက်ကာ ပြတင်းကနေမြင်ရတဲ့ ကောင်းကင်ကြီးကိုငေးနေလိုက်သည်...
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း