🖤Chromatophilia-17❤️

861 119 149
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Chromatophilia-17❤️

လွန်ခဲ့တဲ့ ၅နှစ်ကျော် ပထမဆုံး ဒီအိမ်ရဲ့ water fightနေ့လေးကို ဝရန်တာကနေ နောက်ပြန်တွေးမိချိန်မှာ နေပင်ကောင်းကောင်းမထွက်သေး။ အပြာရောင်တွေနဲ့ ကျွန်တော်ဟာ သူ့ရဲ့ကောင်းကင်ကြီးပါလို့ တင်စားခဲ့တာတွေကလဲ ခုထိတွေးရင် လတ်ဆတ်နေဆဲ ချစ်ခြင်းတွေပါပဲ။

အဲ့တုံးကတော့ နှစ်ယောက်တည်းပေမဲ့ ခုတော့ ကျွန်တော်တို့ဘဝထဲမှာ သားနဲ့သမီးလေးပါရှိလာခဲ့ပြီ။ တဖြည်းဖြည်းရုပ်လုံးကြွပုံပေါ်လာတဲ့ဘဝက အပြစ်အနာအဆာမကင်းပေမဲ့ မေတ္တာတွေနဲ့ သိပ်လှနေတာပဲလေ။

ခြံထဲမှာ လေထိုးရေကန်တွေရယ် ဆောက်ထားတဲ့ အုန်းလက်မဏ္ဍပ်လေးတွေရယ်နဲ့ သားနဲ့သမီးအရမ်းပျော်နေမှာလို့တွေးမိတော့ ပီတိကဖြစ်ရပြန်ရော။ ထွက်ပြူကာစနေမင်းကြီးကိုငေးနေတုံးရှိသေး ခြံထဲကနေကားတစ်စီးထွက်သွားတာတွေ့လိုက်ရသည်။ ဖေဖေနဲ့အန်ကယ်တောင် ဘုရားသွားကြပြီပဲ။ မဖြစ်ဘူး ဟိုကာလနဂါးကြီးကို နှိုးမှဖြစ်တော့မယ်။

အခန်းထဲပြန်ဝင်ပြီး အိပ်ရာပေါ်မှာ မီးသွေးခဲဝက်ဝံကြီးကို ကျွန်တော်အမှတ်နဲ့ ဖက်ခွရင်း အိပ်ပျော်နေတဲ့ ကိုကို့ကို နှိုးတော့ လှုပ်တောင်မလှုပ်။

❤️ ကိုကို ထ မိုးလင်းတော့မယ် ကိုကိုရေ ဟာ ကိုကို

🖤 အင်းး သွားကွာ ငါ baby နဲ့ ဖက်အိပ်နေတာကို

အိပ်ချင်မူးတူးနဲ့ အရုပ်ကြီးကို ကျွန်တော်အမှတ်နဲ့ ယုယနေတာမြင်တော့ စိတ်ကတိုလာပြီ။ အရုပ်နဲ့တောင်သဝန်တိုရသလားပြောလဲ ခံမယ်ဗျာ။ ကြည့်လို့မှမရတော့တာကို ဘယ်လိုလုပ်ရမလဲ။

❤️ ကိုကို baby က ဒီမှာလို့ အဲ့ဒါ baby မဟုတ်ဘူး

သူ့ကိုယ်လုံးကြီးပေါ်ခွထိုင်ပြီး  ပါးနှစ်ဖက်ကိုညှစ်ပြီးပြောလဲ မျက်လုံးတောင်မပွင့်လာပဲဟောက်တောင်ဟောက်နေသေး ။ မဖြစ်တော့ဘူး ဒီလူကြီးက ညင်သာနေလို့မှမရတာ။

❤️ မီးသွေးခဲကြီးးးးးးးးးခင်ဗျားလင်က ဒီမှာ မျက်လုံးဖွင့်ကြည့်ဦးလို့

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWo Geschichten leben. Entdecke jetzt