🖤A Million Dreams-3❤️

838 122 153
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams-3❤️

ဘဝက ဘာမှပြောမရဘူးဆိုတာတကယ်မှန်သည်။တစ်မနက်လုံး ကိုယ့်ရင်ခွင်ထဲရှိနေတဲ့ ယုန်ဖြူကြီးဟာ အခုတော့ အစွယ်တွေထွက်နေတဲ့ ကြောင်ပေါက်ကြီးအလား စိတ်ဆိုးမာန်ဆိုးနဲ့ ဒေါသတွေထွက်နေသည်။

ပြဿနာကတော့ Live လွှင့်ရာက စတဲ့ပြဿနာပါပဲ။ ဖြစ်စေချင်တာ မဖြစ်တာဟာ တကယ့်ကို လူကိုနေမရထိုင်မရနဲ့ အနေရခက်စေလွန်းလှသည်။

🖤 baby ကိုကို့ကို နည်းနည်းလေးတောင် သဝန်မတိုဘူးလား

❤️ မတိုပါဘူးဆိုမှခင်ဗျားဘာဖြစ်နေတာလဲ

🖤ရန်ဖြစ်ချင်နေတာလေ

❤️ ကျွန်တော့်ကို ဒီလောက်ချစ်တဲ့လူကို အဲ့ fb က မိန်းကလေးတစ်ယောက်အကောင့်လက်ခံထားမိရုံလောက်နဲ့ သဝန်တိုစရာလားဗျ အလုပ်မရှိ အလုပ်ရှာနဲ့ စိတ်တိုလာပြီဗျာ

🖤 ငါလဲ တစ်ခါတစ်လေ မင်းသဝန်တိုတာ အူတိုတာခံချင်တယ်လေကွာ ငါကချည်းပဲ မင်းကို အူတိုနေရတာ သဝန်တိုနေရတာ

❤️ မီးသွေးခဲကြီး ခင်ဗျား အရမ်းအားနေတယ်ဟုတ်လား ဘာလို့ အတင်းရန်ဖြစ်ချင်နေတာလဲလို့

🖤 မင်းမှ ငါ့ကို သဝန်မတိုတာလို့

❤️ ဟာ ခင်ဗျား အသည်းတွေ ယားလာပြိီနော် ကလေးကျနေတာပဲ မဟုတ်တာလိုက်ပြဿနာရှာနေတာ

🖤 ရတယ် ဒီညနေ သွားစရာရှိတဲ့ Dinnerကို မင်းမလိုက်ခဲ့နဲ့ ငါ့ဟာငါ ဟိုမှာသွားကဲမယ် တစ်ယောက်တည်း

❤️ သွားလေ သွားပေါ့ ကလေးတွေနဲ့ စားသောက်အနားယူပြီး အိမ်မှာနေခဲ့မယ်

🖤 babyyyyyyyyyyyy

❤️ ဘာတုံးးးးးးးးးးး ခင်ဗျားပါးစပ်ထဲက သွားတွေကျွတ်ထွက်တော့မယ်နော် စိတ်မရှည်တော့ဘူး

သူ့ကိုတမင် စချင်လို့ မဟုတ်ကဟုတ်ကပြောပြီး ထိုင်ရစ်နေတာ အရှိန်ကတက်နေပြီဟာကို ဟို သာသနာဖျက်ကလေးက ဝင်လာပြီ။

💛 ရန်ဖစ်နေကြရာ ဟုတ်ရား
ဖိုးဖိုးနဲ့ တိုင်မယ် ဖိုးရေ ဒီမှာ ရန်ဖစ်နေရယ်

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now