Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-15❤️
မေတ္တာဖြင့်ရှင်သန် မေတ္တာအားဖြင့်သာ သန်မာစေလိုပါသည် ကလေးတို့ရေ....🔥
🖤❤️🖤❤️
တရိပ်ရိပ်ဖြတ်ပြေးနေသော ဘေးက ပတ်ဝန်းကျင်ကိုငေးရင်း နှလုံးသားက မပူမနွေးအနေအထားနဲ့ ရင်တွေကတော့ ခုန်လို့နေပြီ။
P'Chen မောင်းပို့တဲ့ကားကို အခန့်သားစီးလာရင်းနဲ့ စိတ်ကတော့ သူမဆီကြိုရောက်နေပြီ။
ပထမဆုံး ကော်ဖီတစ်ခွက်အတွက် သူမရဲ့အမေးနဲ့ အလဲအလှယ်လုပ်ရတော့မဲ့အချိန်မဟုတ်လား။
နာကျင်ရမဲ့ ကော်ဖီတစ်ခွက်အတွက် ပြောမပြတတ်အောင်ပျော်နေပါသည်ဆိုလျှင် ဘယ်သူကယုံမှာလဲ။
ဒါပေမဲ့ သေခြင်းထက်နာကျင်ခြင်းမျိုးကို ရင်ဝယ်ပိုက်ပြီး ပြုံးနေနိုင်ဖို့သတ္တိဟာ ချစ်ခြင်းမေတ္တာကနေရတာကိုး။
အတ္တစွက်ပေမဲ့ သူ့အတွက်ပဲမို့ အဖြူတစ်ဝက်အမဲတစ်ဝက်မေတ္တာပေမဲ့ ကျွန်တော်ပျော်ပါတယ်။
ပျော်လဲပျော်သလို ရင်ကလဲခုန်နေတော့ လူက သင်တန်းရောက်လို့ ကားပေါ်ကဆင်းတော့ စိတ်ကမငြိမ်ချင်။
အဲ့ဒါနဲ့ပဲ အခန်းထဲမဝင်ဖြစ်သေးပဲ Lizနဲ့ ကော်ဖီသောက်ခဲ့ဖူးတဲ့ ခေါင်မိုးထပ်ကလေးဆီပဲ တန်းပြီး တက်ခဲ့လိုက်တော့သည်။
ခေါင်မိုးထပ်ရောက်တော့ ခုံတန်းလေးမှာထိုင် ခေါင်းကိုမော့ကြည့်ရင်း ကောင်းကင်ပြာပြာကြီးကိုပဲငေးနေမိသည်။
ငေးနေရင်းနဲ့ ရုတ်တရက် P'May ကို သွားသတိရတော့ အိတ်ထဲကဖုန်းကိုထုတ်ပြီး ဖုန်းခေါ်မိသည်။
မြက်ပင်လေးအကြောင်း သိသွားပြီဆိုတာကို အသိပေးဖို့ မနေ့ကလုံးဝမေ့နေခဲ့တာကိုး။
🔥Hello N'.....
❤️ P' ကို လှမ်းအကြောင်းကြားတာပါ မြက်ပင်လေးအကြောင်းလေ
🔥 အသံကြားရတာကတော့ စိတ်လှုပ်ရှားနေသလိုပဲ သိခဲ့ပြီထင်တယ်
❤️ ဟုတ် သိခဲ့တယ် P'.... အဲ့ဒါ ဒီနေ့ သူ့ကိုပြောပြပြီး ပထမဆုံးကျွန်တော်သိချင်တဲ့အရာတချို့သိခွင့်ရတော့မှာမို့လို့လေ.....အာ့ကြောင့် နည်းနည်း စိတ်လှုပ်ရှားနေတာ
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း