Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-25❤️
ဖတ်........
ဖတ်ခနဲ အသံနဲ့ ပါးတစ်ဖက်က ကျိန်းစပ်စပ်ဖြစ်သွားတော့ အိပ်နေရာကနေ လန့်နိုးလာသည်။ ပါးပေါ်က လက်ဝါးပိုင်ရှင်ကိုကြည့်တော့ နှုတ်ခမ်းလေးထော်ပြီး လုံးထွက်နေတဲ့ ချစ်သမီးလေး Smile....
ကျွန်တော့်ဘက် လှည့်အိပ်နေတဲ့ ဒီနတ်သမီးလေးက ပါးတစ်ဖက်ခေါင်းအုံးနဲ့ကပ်နေလို့ ဟနေတဲ့ နှုတ်ခမ်းကြားကနေ သွားရည်လေးတွေကျလို့ တကယ့် baby သမီးလို့မပြောရဘူး။
ပါးပေါ်ကလက်တစ်တုတ်ကလေးကို ဆွဲယူဖိနမ်းရင်း ဟိုဘက်က သားအဖတွေကိုကြည့်တော့လဲ ထူးမခြားနားပါပဲ။ baby ရင်ဘတ်ပေါ် ကားယားခွတက်အိပ်နေတဲ့ ကောင်က ဖင်ကိုလုံးလို့ ရိုက်ပစ်ချင်စရာကောင်းလိုက်တာ။ သားအဖတွေအလွမ်းသယ်ပြီး တူတူအိပ်ကြတာဆိုတော့ကျွန်တော့်မှာ ရင်ခွင်ထဲbaby ကို မဖက်ထားရဘူးလေ။
သမီးငယ်ကို ကျွန်တော့်ခေါင်းအုံးပေါ်အသာလေးနေရာရွှေ့ပြီး baby ရင်ဘတ်နာနေမှာစိုးလို့ သားကြီးကိုလဲ အသာလေးပွေ့ပြီးဘေးကိုချပေးရသေးသည်။ကလေး နှစ်ယောက်ဘေးကိုဖယ်ပြီး ကျော်ခွကာ Baby ဘေးဝင်ကပ်ပြီး ဖက်ထားလိုက်မှပဲ လူကနေရတာ အဆင်ပြေတော့သည်။
❤️ အင့် သားရော....... သမီးရော
ရင်ခွင်ထဲကနေ အိပ်ချင်မူးတူးနဲ့ ကလေးတွေကိုလိုက်စမ်းနေတော့ သူနဲ့ကလေးတွေကြားကနေ ထပြီး သူ့နောက်ကျောဘက်ဝင်လှဲရပြီ။
❤️ ကိုကို ဘာဖြစ်နေတာလဲဗျာ မျောက်ကြီးကျနေတာပဲ ဟိုကျော် ဒီခွနဲ့
🖤 ဖက်ထားချင်လို့ပေါ့ကွာ မင်းကလဲ ငါမှ ဒီတိုင်းမအိပ်တတ်တာကို အိပ်မှာသာအိပ် မင်းနဲ့ကလေးတွေကြားမနေဘူး ငါနောက်မှာပဲနေမှာ နော်
❤️ကောင်းကောင်း အိပ်ရင်အိပ် မအိပ်လို့ကတော့ အကြောင်းသိတယ်နော်
🖤 မျှော်လင့်မနေပါနဲ့ သူပုန်ကောင်ရယ် ဖက်ရုံဖက်မဲ့ဟာကို ဘာတွေ တွေးနေတာလဲ
❤️ ကန်ချလိုက်တော့မှာနော်
🖤 စတာ ချစ်လို့စတာ အိပ်တော့နော်
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း