🖤Chromatophilia ♥

1.1K 133 158
                                    

Unicode

🖤Theories of LOVE♥

🖤Season-3♥

🖤Chromatophilia♥

ဒေါင်.....ဒေါင်......ဒေါင်....ဒေါင်.....ဒေါင်....

အိမ်အောက်ထပ်ဧည့်ခန်းက တိုင်ကပ်နာရီကြီးဆီက မနက်၅နာရီထိုးသံသဲ့သဲ့ကို နားကကြားရသည်။

ဆိတ်ငြိမ်ရပ်ကွက်က ခြံဝင်းကျယ်ကြီးထဲမှာ မနက်မိုးလင်းကြက်တွန်သံကြားရဖို့ဆိုတာက ငယ်ငယ်ကလေးဘဝက မေမေပြောပြတဲ့ပုံပြင်တွေထဲကလိုမှမဖြစ်နိုင်တာလေ။

ကြက်တွန်သံအစား ကိုယ့်ဘေးအိပ်နေတဲ့လူရဲ့ဟောက်သံကမှ ဘဝစစ်စစ်ဆိုတော့လဲ မျက်လုံးမှိတ်ရင်းနဲ့သာ ပီတိတွေဖြာနေလိုက်တော့သည်။

ကျွန်တော့်ဝက်ကလေးရဲ့ဟောက်သံကမိုးလင်းနှိုးစက်လေးလိုပဲ အချိန်မှန်မှန်ကြားနေရတတ်တာမျိုးပါ။

ကျွန်တော်ဆေးရုံကဆင်းပြီးနောက်ပိုင်း ကော်ဖီဇာတ်လမ်းတစ်ခန်းရပ်သွားတာလဲနည်းနည်းကြာပြီဆိုတော့ အခုအရာအားလုံးဟာ မိသားစုဘဝထဲမှာနေသားတကျနဲ့အဆင်ပြေနေပြီလေ။

ကျွန်တော်ကအလုပ်သွား baby က သင်တန်းဆက်တက် ကလေးတစ်ဖက်နဲ့ဆိုတော့ ခုတလောဟောက်သံလေးပိုကြားလာရပြီလေ။

ဟောက်နေတဲ့ ဝက်ကလေးနှာခေါင်းကိုလှမ်းညှစ်ဖို့ဘေးကိုလက်လှမ်းတော့စမ်းမိတာက ခေါင်းအုံးချည်းသက်သက်။

ရင်ဘတ်ပေါ်နင့်နင့်နဲနဲဖိစီးနေတဲ့အရာကိုခုမှခံစားမိလာပြီး မျက်လုံးဖွင့်ကြည့်တော့ ဖြူဥနေတဲ့ ခြေဖဝါး​ လေးဟာ ကျွန်တော့်မျက်နှာရှေ့ မှန်တစ်ချပ်ထောင်ထားသလို ဝင်းပြောင်လို့။

ညက သေချာဖက်အိပ်တာပါ ခုဘယ်လိုဖြစ်လို့ ဒင်းလေးက ဇောက်ထိုးမိုးမျှော်ဖြစ်နေရတာလဲ။

ဖြူလုံးတုတ်နေတဲ့ ခြေချောင်းလေးကိုကြည့်ရင်းအသည်းယားလာလို့ ကိုက်ချပစ်လိုက်တော့ အားကနဲအော်ပြီး ထထိုင်လာပြီ။

ဟီးဟီး အိပ်ချင်ယောင်ဆောင်နေပြီ baby...

ကိုက်ပြီးတာနဲ့မျက်လုံးမှိတ်ပြီးအိပ်ချင်ယောင်ဆောင်နေတော့ သူ့အသံလေးသာကြားရသည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now