Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-11❤️
ကော်ဖီခွက်ထဲ ဖိတ်ကျခဲ့လေသော အချစ်...
🖤❤️🖤❤️
လက်တစ်ဖက်က ကိုကို့လက်ကိုဆုပ်ကိုင် ကျန်တစ်ဖက်က မြက်ပင်အိုးလေးကို ကိုင်ပြီး အခန်းထဲကနေ ဆေးရုံပေါက်ဝထိ တရွေ့ရွေ့လမ်းလျှောက်လာခဲ့သည်။
ပြင်ပရုပ်သွင်ပြင်မှာ ဘာမှမထူးခြားပေမဲ့ စိတ်နှလုံးကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ခံစားချက်နဲ့ပါ။
ဘယ်ဘက်လက်က ပန်းအိုးကိုင်ထားတဲ့ လက်က မသိမသာတုန်ယင်နေချိန်မှာ ညာဘက်လက်က နွေးထွေးခြင်းတွေက တုန်ယင်မှုတွေကိုထွေးပွေ့ထိန်းချုပ်ပေးနေသလိုမျိုးပေါ့။
ရုတ်တရက်ကြီး သဘောတူပြီးကာမှ ဘာအကြောင်းကြောင့်သူမခုလို ကျွန်တော့်ကို ပုစ္ဆာတစ်ပုဒ်နဲ့ ချည်နှောင်လာတာလဲဆိုတာ မသိ။
နီးစပ်ရာတွေးမိတော့ အဖြေက ကိုကိုနဲ့ပတ်သတ်နေတာမို့ ဆက်မတွေးချင်တော့။
သူနဲ့ ကိုကို တွေ့ပြီးသွားလို့များလားလို့ တွေးမိရင်ကို လူကအဆင်မပြေချင်။
ကိုကို့ကို အကဲခတ်မိတော့လဲ မသင်္ကာစရာ တစ်စက်တောင်မတွေ့တော့ ကျွန်တော့်မှာ ကိုယ့်အတွေးနဲ့ကိုယ်ပိတ်မိပြီး မွန်းကြပ်ရတာကတမျိုး
မြက်ပင်ရဲ့ မမြင်ရတဲ့တန်ဖိုးဆိုတာကြောင့်က တမျိုးနဲ့ လူကဘာအတွေးမှ ခေါင်းထဲရောက်မလာသေး။
သူမဆီ ဆက်သွယ်ဖို့ကျတော့လဲ ကိုကိုက ဘေးကနေမခွာတာမို့ စာတိုလေးတစ်စောင်ပို့ဖို့တောင် အခွင့်အရေးကမရသေး။
စိတ်လွတ်ပြီး သက်ပြင်းတစ်ချက်ချမိတာနဲ့ ဘေးချင်းယှဥ်လျက် လမ်းလျှောက်လာတဲ့ ကိုကို့ခြေလှမ်းတွေက ရပ်တန့်သွားသည်။
🖤 ဘာလို့လဲ baby သက်ပြင်းတွေတောင် ချလို့
မျက်တောင်တစ်ချက် ခတ်တာတောင် မလုံမလဲဖြစ်နေတဲ့စိတ်မို့ ကိုကိုကသေချာစိုက်ကြည့်နေတော့ လူကအသက်တောင်အောင့်ထားမိတဲ့အဖြစ်။
BINABASA MO ANG
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း