🖤A Million Dreams-6❤️

990 124 181
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams-6❤️

အငွေ့တထောင်းထောင်းထနေတဲ့ ကြက်စွပ်ပြုတ်တစ်ခွက်ရယ် ပွစိပွစိနဲ့ အနံ့ခံနေတဲ့ နှာခေါင်းလုံးလုံးလေးရယ် စိတ်ကျေနပ်မှုအပြည့်နဲ့ ကွေးညွှတ်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးရယ်....

အခုကျွန်တော့်မျက်စိရှေ့မြင်နေရသမျှ သက်ရှိသက်မဲ့တို့ရဲ့ ဖြစ်တည်မှုမှန်သမျှဟာ ကျွန်တော်ချစ်မြတ်နိုးရတဲ့အရာတွေချည်းပါပဲ။

ကျွန်တော်တို့ရဲ့အချစ်သက်တမ်းတစ်လျှောက်မှာ အမှတ်တရဖြစ်ရပ်တွေကအများကြီးလေ။ အဲ့ထဲမှာမှ ကြက်စွပ်ပြုတ်တစ်ခွက်နဲ့ပတ်သတ်လို့စွဲထင်နေတဲ့အရာတွေလဲအပါအဝင်ပဲမဟုတ်လား။

ချစ်ရမြတ်နိုးရလွန်းလို့ သူ့မျက်နှာလေးကိုပဲငေးနေချိန်မှာ သတိမပြုမိလိုက်တဲ့အရာတစ်ချို့ဖြစ်သွားခဲ့တာကို မသိလိုက်ပဲ ကလေးတွေထအော်မှပဲ သိတော့သည်။

💛ဒီဒီ ပါပါး မန်မန်တေ ယူစားနေတယ်

🕊️ ပါပါး နေမကောင်းရင် မန်မန်စားရဘူးရေ

သူတို့အော်လို့ ကိုယ့်ထမင်းပန်းကန်ကိုယ်ငုံ့ကြည့်တော့မှ ထမင်းလှမ်းနှိုက်နေတဲ့ လက်ဖြူဖြူလေးကိုတွေ့ရသည်။

❤️ ဟီးးးးး ထမင်းတစ်စေ့လောက်စားချင်တယ်လေ

သူ့လှမ်းကြည့်တော့ ထမင်းတစ်စေ့လောက်စားချင်တယ်ဆိုပြီး မျက်နှာချိုသွေးပြနေတဲ့မျက်နှာလေးက ဖြူဖျော့ဖျော့နဲ့ရယ်။ ခပ်ဆတ်ဆတ်ရိုက်လိုက်တော့ ထမင်းလှမ်းနှိုက်နေတဲ့လက်ကလေးကို ပြန်ရုပ်ပြီး နှုတ်ခမ်းလေးက ချက်ချင်းစူထော်သွားပြီ။

🖤 မစားရပါဘူး ခုမှနေကောင်းလို့ အဖျားကျကာစကို ထမင်းမစားစေချင်လို့ စွပ်ပြုတ်လုပ်ခိုင်းထားတာကို

❤️ တစ်ဇွန်းလောက်ပဲလေဗျာ

🖤 မစားရဘူး baby လိမ္မာပါတယ်ကွာ နော်

🕊️ ဒီဒီ့ ဂျဂါးနားထောင်ရိုက်ပါ ပါပါးရယ် နော် ရိမ်မာရယ်

💛 တားတားခွံ့ကျွေးရမရား ပါပါး

❤️ ရပါပြီဗျာ ကိုယ့်ဟာကိုယ်ပဲစားပါတော့မယ် ထမင်းလဲမစားတော့ပါဘူး စကားလဲနားထောင်ပါတော့မယ် ကျေနပ်ကြပြီလား

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now