🖤Undying Love♥

1.1K 154 123
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Undying Love♥

အက်ကြောင်းထင်သမျှ အချစ်တွေနဲ့ပဲဆက်ခဲ့တာပါ...

အဲ့လောက်ထိမင်းကိုချစ်တယ်လေ🖤♥

🖤♥🖤♥

လိပ်ပြာတွေရဲ့ အယူခံဝင်မှုပဲအောင်မြင်လေသလား...

စည်းချက်ညီညီမခုန်လှုပ်ရတဲ့ ရင်ခုန်သံတွေကပဲ မနာလိုလေသလား...

တိုးဝင်မရတဲ့ ပင့်သက်လေငွေ့တွေကပဲ စိတ်ဆိုးကုန်ကြတာလားမသိ....

အနမ်းဟုခေါ်တွင်သော နှုတ်ခမ်းထွေးထွေးတို့၏ပွေ့ဖက်ငြိတွယ်ခြင်းတို့မှာ မခွဲနိုင်မခွာရက်နဲ့ပဲ ငြိမ်သက်လိုက်ကြရပြီ။

အတန်ကြာနစ်မျောခဲ့သော အနမ်းတွေကြားထဲမှာ အသက်ဝဝရှူရင်းငြိမ်နေရပေမဲ့ ထိကပ်ထားမိတဲ့နှုတ်ခမ်းတွေကိုတော့လုံးဝမလှုပ်ရှားမိသေး..

ပူနွေးထုံပြင်းနေတဲ့နှုတ်ခမ်းသားတွေက မလှုပ်နိုင်တော့ပေမဲ့ ငြိမ်သက်စွာတို့ထိဖိကပ်ထားရုံတော့တတ်နိုင်ပါသေးသည်လေ။

ဒီလိုမခွဲနိုင်မခွာရက်အခြေအနေကို babyအပြုံးတစ်ခုကပဲလှပစွာ ရုပ်သိမ်းလိုက်တော့ မချင့်မရဲနဲ့ပဲ လွှတ်ပေးလိုက်ရတာက ကျွန်တော်ရယ်ပါ။

🖤ဘာလို့ပြုံးလိုက်တာလဲ babyရယ်...

♥ သဘောကျလို့ပေါ့ ကိုကိုရဲ့...

🖤 babyက ပြုံးလိုက်တော့ ကိုကိုကထပ်နမ်းမလို့အစပျိုးနေတာကို လွတ်သွားပြီလေ....

♥ အော်ဗျာ ကဲ လာ လာ

ကျွန်တော့်မျက်နှာကိုဆွဲယူ ပါးပြင်ကိုလက်နဲ့ဖိညှစ်ပြီး ထော်ထွက်လာတဲ့နှုတ်ခမ်းကို သူ့ဂျယ်လီတုံးလေးနဲ့ တမွမွမြည်အောင်နမ်းလေတော့ ကျွန်တော့်မှာ ငုတ်တုတ်ကြီးနဲ့ ပြုံးဖြီးနေမိတာ ရပ်မရတော့။

♥ ကျေနပ်ပြီလား မီးသွေးခဲကြီးရေ အဲ့ဒါမှမကျေနပ်ရင်လဲ babyနှုတ်ခမ်းဖြုတ်သာယူသွားလိုက်ပါတော့ ဒီမှာ.....

သူ့ရဲ့နုထွေးပြီး အနမ်းဒဏ်ကြောင့် ခပ်ဖူးဖူးလေးဖြစ်နေတဲ့နှုတ်ခမ်းလေးကို လက်ညှိုးထိုးပြရာကနေ အသံတိတ်သွားပြီး ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့မျက်ဝန်းလေးတွေက စိုလဲ့လို့....

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now