🖤Hurt❤️

918 128 166
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Hurt❤️

ဆက်သွယ်မှုတွေပြတ်တောက်သွားပေမဲ့ နှလုံးသားက နာကျင်ခြင်းတွေက အမျှင်မပြတ်ခဲ့။

ကျွန်တော့်ကိုမြင်တာနဲ့ အံကိုတင်းတင်းကြိတ်ထားရာကနေ ကျွန်တော်မြတ်နိုးရတဲ့ နှုတ်ခမ်းလေးကိုဖိကိုက်လိုက်တာမြင်ရတော့ ကျွန်တော့်နှလုံးသားလဲ ကွဲသထက်ကွဲရတာပါပဲ။

ဗလုံးဗထွေး ငိုကြွေးသံကြားက ချစ်တယ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးက ခုထိကျွန်တော့်ရင်ထဲ နာကျင်စွာပဲ့တင်ထပ်နေရတာပါ။

ချစ်တယ်လို့ပြန်မပြောဖြစ်လိုက်ဘူး မဟုတ်လား။

သူမျှော်လင့်နေတာသိပေမဲ့ မပြောဖြစ်လိုက်တဲ့ ချစ်ခြင်းတွေအတွက် အပြစ်ရှိတယ်လို့ခံယူရင်း အသံကုန်သာအော်ဟစ်ပစ်လိုက်မိတော့သည်။

ဒီဆေးရုံရဲ့အပေါ်ဆုံးထပ်မှာ ကောင်းကင်ပြင်ကြီး ရဲ့အောက်မှာ ခဏခဏရင်တွေလဲကွဲခဲ့ရဖူးပါရဲ့။

သူ့အတွက် လူတစ်ယောက်ကို သေပေးပါလားလို့ တောင်းဆိုခဲ့ဖူးတယ်။

သူ့ကိုချစ်တဲ့တခြားလူတစ်ယောက်ရဲ့ အသက်နဲ့အမျှပေးဆပ်ခြင်းကို ဒီနေရာမှာပဲ မြင်ခဲ့ရဖူးတယ်။

အခုလဲ ကျွန်တော့်လက်နဲ့ မသေမရှင်ခံစားနေစေမိတဲ့ သူ့နှလုံးသားကို မြင်ခဲ့ရပြန်ပြီ။

သူဘယ်လောက်နာကျင်ပင်ပန်းနေပြီလဲ....

သူဘယ်လောက်ထိတောင့်ခံထားရတာ ပင်ပန်းနေပြီလဲ....

ကွဲရှနေတဲ့အတွေးတွေကြောင့် အသိစိတ်နဲ့ ပစ္စုပ္ပန်ဟာ အကောင်းပကတိဆက်စပ်လို့ကို မရတော့ပါဘူး။

ရင်ထဲတဖြည်းဖြည်းတင်းကြပ်လာပြီး သူသာတစ်ခုခုဖြစ်သွားရင် ဒီထက်ပိုပြီး တောင့်ခံထားဖို့ခက်ခဲရင်ဆိုတဲ့အတွေးတွေပေါ်လာတော့ လူက တုန်လှုပ်လာရပြီ။

ဟင့်အင်း စိတ်မချဘူး သူ့အခြေအနေကို အခုသိရမှဖြစ်မယ်။

ဖုန်းကို P'Chen ဆီခေါ်လိုက်တော့ ဟယ်လိုဆိုတဲ့ အသံကြားတာနဲ့စကားလုံးတွေ ခလုတ်တိုက်မတတ် အသည်းအသန်ပြောမိတော့သည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now