🖤Freedom-4♥

1K 149 76
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Freedom-4♥

လွတ်မြောက်မှုဆိုတဲ့စကားစုကို ပိုင်ဆိုင်ဖို့ ဘာတွေရင်းရဦးမလဲ....

ဘဝတွေလား မျက်ရည်တွေလား...

လမ်းပြပေးပါဦး ကံကြမ္မာရေ....

🖤♥🖤♥

ညက ချိတ်ထားတဲ့ dripအရှိန်နဲ့ သောက်ထားတဲ့ဆေးတွေအရှိန်နဲ့ အပြင်းတော့မဖျားခဲ့.....

နိုးလာတော့ ကိုကိုက ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင်းနဲ့အိပ်ပျော်နေဆဲ....

အားနာရခြင်းတွေနဲ့ သူ့ရင်ခွင်ထဲခေါင်းတိုးရင်းပိုတိုးပြီး ဖက်မိတော့ သူနိုးလာပြီ....

🖤baby နိုးပြီလား....

နိုးတာနဲ့ ကျွန်တော့်နဖူးကိုစမ်းရင်း အနမ်းဖွဖွပေးကာ လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာပွေ့ဖက်လို့....

🖤တော်ပါသေးရဲ့ အရမ်းမဖျားလို့....

♥ကိုကိုလဲ နေမကောင်းမဖြစ်လို့ တော်သေးတာပေါ့....

🖤ကိုကို့ကို စိတ်မပူပါနဲ့ babyရယ်....baby သာ အဆင်ပြေနေဖို့ပျော်နေဖို့အရေးကြီးတယ်.....

♥baby အဆင်ပြေမှာပါ ကိုကို....

တိတ်ဆိတ်ခြင်းတွေက နှစ်ယောက်လုံးကို လွှမ်းခြုံလိုက်သည့်အလား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း နှုတ်ဆိတ်နေမိကြသည်....

မုသားစကားမဟုတ်တဲ့ ခိုင်မာမှုရာခိုင်နှုန်းက ခပ်ယဲ့ယဲ့အနေအထားမှာပဲရှိတဲ့ အဆင်ပြေပါတယ်ဆိုတဲ့စကားစုလေးဟာ အခုလက်ရှိအခြေအနေမှာတော့ အရမ်းကိုလှလွန်းပါတယ်လေ....

လောကမှာနေ့ရက်တိုင်းအဆင်ပြေမနေပေမဲ့ နှလုံးသားကတော့ တိုက်တွန်းစရာမလိုပဲ ချစ်ရသူကို အမြဲပြုံးပြနေတာပဲမဟုတ်လား.....

အခုလိုအခြေအနေမှာ ပြိုလဲနေတာချင်းအတူတူပေမဲ့ အချစ်ကတော့ တစ်ယောက်အတွက်တစ်ယောက် ရှင်သန်နေတုံးပဲလေ....

တိတ်ဆိတ်စွာငေးစိုက်ကြည့်ရာကနေ အချစ်ချင်းတူတော့ ပြိုင်တူပြုံးမိကြပြီ....

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now