🖤A Million Dreams-14❤️

796 118 171
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams-14❤️

တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ လေပြည်တွေပေါင်းစပ်တော့ အေးချမ်းခြင်းတွေက ရင်ထဲစိမ့်ဝင်လာသည်။

❤️ အား.....ကောင်းလိုက်တဲ့ လေ လေး အဲကွန်းထက် ဒီလေကို ပိုကြိုက်တယ်

တစ်နေကုန်ပူလောင်နေတဲ့ရာသီဥတုကို အံတုဖို့ အိမ်ထဲကအိမ်ပြင်မထွက်ပဲ အဲကွန်းအအေးနဲ့ပဲနေပေမဲ့ သဘာဝလေလောက်ဘယ်အရာမှမကောင်းဘူးလေ။ အေးစက်နေတာကလွဲလို့ နေရထိုင်ရတာက သက်တောင့်သက်သာသိပ်မရှိတော့ လေဝင်ပေါက်လိုက်ရှာပြီး နေရတာပါပဲ။

လေလေး အေးတယ်ဆိုပြီး ခံနေတုံးရှိသေး နေအပူဒဏ်ကြောင့် လေတွေပါ ပူလာတော့လဲ အိမ်ထဲပြန်ဝင်ပြေးရပြန်တာပဲ။

🖤 baby ဘာဖြစ်နေတာလဲ မျက်နှာကလဲ ရှုံ့တွလို့
နေမကောင်းဘူးလား

❤️ ဟင့်အင်း ပူလို့ ခေါင်းကိုက်နေတာ အဲကွန်းလေအရမ်းမခံချင်တော့ဘူး

🖤 သံပုရာရည်သောက်မလား ဖျော်ပေးမယ်လေ

❤️ အင်း ဖျော်ပေး

သူသံပုရာရည်ဖျော်ဖို့အလုပ်ရှုပ်နေတုံးကိုယ်က နောက်ကနေ သူ့ခါးဖက်ရင်းလိုက်နှောင့်ယှက်ရတာလဲ ပျော်စရာကောင်းသည်။ မေမေတို့ဆီကပြန်လာပြီးတည်းက ကိုကို့ကိုအရင်ထက်ပိုဂရုစိုက်ပြီး သူ့အနားပိုကပ်နေပေးဖြစ်တော့ သူလဲ မေ့လွယ်ပျောက်လွယ်နဲ့ စိတ်သက်သာပုံရပါသည်။

🖤 ယုန်မြှောင်လေး ရပြီရော့

သူ့ကို ကပ်တွယ်နေလို့ လူကိုနာမည်အသစ်ပေးတာက ယုန်မြှောင်လေးတဲ့။ ပေးလဲပေးတတ်ပါ့ မီးသွေးခဲကြီးရယ်။

❤️ လူကိုများ ယုန်မြှောင်လေး ဘာလေးနဲ့ ဘာလဲ ကပ်တာမကြိုက်ဘူးလား မကြိုက်လဲကပ်တယ်ဗျာ

သူ့ပေါင်ပေါ်တက်ထိုင်ပြီး သူဖျော်ပေးတဲ့ သံပုရာရည်သောက်တော့ ကျေနပ်ပြုံးဖြီးနေတာများ မျက်လုံးတောင်မပွင့်တော့။

❤️ ပြုံးတာလေးလဲ လျှော့ပါဦးဗျာ တော်ကြာ ရဲစခန်းမှာ မျက်လုံးပျောက်တိုင်နေရဦးမယ်

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now