🖤Happy Day❤️

880 116 136
                                    

Unicode

🖤Theories of LOVE❤️

🖤Happy Day❤️

မင်းနဲ့ကိုယ်တည်သောကမ္ဘာ
ချစ်ခြင်းဖြင့်မြဲစေ
မေတ္တာဖြင့်အဓွန့်ရှည်စေ
သံသရာမဆုံးမဲ့ဘဝပေါင်းများစွာအထိလေ🖤❤️

🖤❤️🖤❤️

ကြားလေသွေး၍မရသော ချစ်ခြင်းအားဖြင့် ဆုပ်ကိုင်လာကြသော လက်နှစ်စုံ....

မညီမညာခြင်းဖြင့် စည်းချက်ကျနေသော ခြေသံတချို့နဲ့ ကော်ဖီဆိုင်ကအပြန် နီယွန်မီးရောင်အောက်က ညတစ်ည....

🖤 ကိုကို့ သူပုန်လေးရေ

❤️ ဗျာ ဗျာ့

🖤 ကိုကို့ ကလေးအဖေလေးရေ

❤️ ဗျာ ဗျာ့

🖤 ကိုကို့ baby ရေ

❤️ ဗျာ ဗျာ့

🖤 ကိုကို့ကို ချစ်လား

❤️ ချစ်ပါတယ် ခင်ဗျ

မေးသမျှပြန်ဖြေနေတဲ့အသံလေးက အိပ်မက်ဆိုရင် ကျွန်တော်ဘယ်တော့မှ မနိုးထချင်မိမဲ့ အိပ်မက်မျိုးပါ။

🖤 အိပ်မက်မက်နေသလိုပဲ သိလား

❤️ အွန် ဘာကိုလဲ ကိုကို

🖤 အော် ဒီလို ချစ်စရာကောင်းတဲ့ကောင်လေးက ကိုကို့ဘဝကြီးဖြစ်လာလိမ့်မယ် ကိုကို့ကလေးတွေရဲ့ အဖေဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူးကိုး

စတွေ့တုံးက ဂျစ်ကန်ကန်ကောင်လေးက ခုဆို ကလေး၂ယောက်အဖေ လူကြီးကြီးတောင်ဖြစ်နေပြီ

အဲ့လိုတွေးမိတိုင်း ကိုကိုမွေးထားတဲ့ ကလေးလေးအရွယ်ရောက်လာသလိုခံစားရပြီး ပီတိဖြစ်ရတယ် သိလား

သူ့မှိုလုံးခေါင်းလေးကို လက်ဖဝါးနဲ့အုပ်ရင်း တယုတယပြောမိတော့ မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်ရင်း ကျွန်တော့်ဘက်ကို သူ့ကိုယ်လေးနဲ့ မှီချလာသည်။

❤️ အာ့ baby က အရွယ်ရောက်လာတာမဟုတ်ဘူး ကိုကိုရဲ့ အဲ့ဒါ ကိုကိုနဲ့ baby ရဲ့ အချစ်တွေ အရွယ်ရောက်လာတာ သိလား

နားထင်ကို လက်ညှိုးနဲ့လာထိုးရင်း သိလားလို့ ဆရာလုပ်နေပုံလေးက အူယားဖို့ကောင်းလိုက်တာ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now