Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-30❤️
တစ်မနက်လုံး ရယ်မောသောင်းကျန်းထားတဲ့အရှိန်တွေနဲ့ အိမ်ရှိလူကုန်ထမင်းစားချက်က ခါတိုင်းထက်ပိုသည်။ baby တောင် နေကောင်းခါစဆိုရင် အရင်က သိပ်မစားပေမဲ့ အခုတော့ ထမင်းကို ဟက်ဟက်ပက်ပက်စားနေပြီ။ ကလေးတွေလဲ ခေါင်းမဖော် ဖေဖေနဲ့ P'Chen လဲ စကားတောင်မပြောပဲ ထမင်းပဲ အာရုံစိုက်စားနေကြသည်။
💛 မန်မန်က ဒီနေ့ စားရို့ကောင်းတယ်
🕊️ မီးကို မန်မန်ထည့်ပေးပါဦး
"မီးငယ် ရင်ပြည့်နေမယ်နော် ငါ့မြေး အရမ်းမစားနဲ့ဦး "
❤️ ပါပါး သမီးလေး တော်ပြီနော် ခု ဗိုက်ကြီးအရမ်းပူနေပြီကွ သားရောပဲ စားတာများနေပြီ ရပ်တော့
ရပ်တော့လို့ ပြောယူရတဲ့ထိ စားသောက်နေကြတဲ့ကလေးနှစ်ယောက်ကိုကြည့်ရင်း ကျွန်တော်သဘောတွေကျနေတာပါ။ ငယ်ငယ်ကကျွန်တော်လဲ အရမ်းအစားကြီးတာဆိုပဲ။
အကုန်လုံးစားသောက်ပြီးလို့ အနားယူမယ်ကြံတော့ Joyဆိုတဲ့ ငနဲလေးဆီက အသံထွက်လာပြီ။
💛 ဘယ်တွားမို့ရဲ တားရဲရိုက်မယ်
🕊️ မီးကိုလဲ ခေါ်
🖤 ဟ ငါက ငါ့အချစ်လေးနဲ့ အေးဆေးနှပ်မလို့
စကားဆုံးအောင်ပြောခွင့်မပေးတဲ့ ဘေးကဒေါသအိုးလေးက ခြေထောက်ကိုဆောင့်နင်းချတော့ သူ့ပုခုံးပေါ်မေးတင်ရင်း နာလိုက်တာလို့ညီးရုံပေါ့။
🖤 အကြင်နာတရား ကင်းမဲ့လိုက်ကြတာ ငါ့ကို
❤️ ကလေးတွေရှေ့ စကားဆင်ဆင်ခြင်ခြင်မပြောတာကရော ကောင်းလား
🖤 ပျင်းလို့ ပွဲရှာနေတာလား baby ရန်ဖြစ်ချင်လဲ ရတယ်လေ
❤️ အင်း ကောင်းသားပဲ ဖြစ်ကြတာပေါ့ ဖြစ်မယ်လေ
🖤 ငါက အနင်းခံရတာဆိုတော့ ငါစိတ်ကောက်မယ် တစ်နာရီတိတိ
❤️ နှစ်နာရီတိတိ လုံးဝမချော့ဘူး ဒါပဲ
🖤 အေး ကြိုက်တယ် ဒါမျိုးတော့
💛 လူဆိုးတေ ရန်ဖစ်နေကြတယ်
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း