🖤A Million Dreams-27❤️

831 115 320
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams-27❤️

စဥ်းစားသည်.....

ခေါင်းတွေပူအောင် စဥ်းစားသည်....

ဘယ်လိုတွေးတွေး ဘယ်လိုစဥ်းစား စဥ်းစားနာကျင်စရာတွေဆီပဲ ဆိုက်ရောက်နေတော့ လူကနောက်ဆုတ်ချင်နေပြီ။ဘာလို့ရယ်များ သဘာဝဟာမလွန်ဆန်နိုင်ခြင်းတွေနဲ့ ချုပ်နှောင်တတ်ရတာလဲ။

ဝရန်တာလက်ရန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အော်ဟစ်ပစ်လိုက်ချင်တဲ့စိတ်ကို မနည်းထိန်းချုပ်နေရတာပါ။ ပြန်ရောက်တည်းက ကိုကိုနဲ့တိုင်ပင်ပေမဲ့ မနာကျင်စေချင်စိတ်သာသူ့မျက်လုံးထဲရှာတွေ့ခဲ့ပြီး သူလဲကိုယ့်နည်းတူလမ်းပျောက်နေတာပါပဲ။

ခါးနဲ့လည်ပင်းတစ်ဝိုက်ရစ်ပတ်လာတဲ့ လက်တွေကြားမှာ နာကျင်ခြင်းတွေက အသံတောင်မထွက်နိုင်ပဲ ပြိုလဲနေဆဲပေါ့။ ကျောပြင်ကခံစားမိနေတဲ့ သူ့ရင်ခုန်သံကလဲ ခံစားချက်တချို့ဖိနှိပ်ခံထားရလို့ နွမ်းလျနေသလိုမျိုး။

🖤 နေဝင်တော့မယ် baby

❤️ နာကျင်စရာတွေ စုံးစုံးမြုပ်သွားတဲ့နေနဲ့ အပြီးပါသွားရင်ကောင်းမှာပဲ

🖤 ကိုယ်တို့မတတ်နိုင်ဘူးလေ baby ရယ် မတတ်နိုင်တဲ့အရာတွေအတွက် တတ်နိုင်သမျှကြိုးစားခြင်းတော့ ဘဝကပေးထားသားပဲ

❤️ ဒီညကို အကောင်းဆုံးကျော်လွှားနိုင်မယ် ထင်လား

🖤 ဟင့်အင်း မထင်ဘူး ယုံတာ နာကျင်နေပေမဲ့ သေမလိုခံစားနေရပေမဲ့ ယုံတယ် ကိုကိုတို့တစ်ခုခုတော့အကောင်းဆုံးလုပ်နိုင်မယ်လို့လေ

❤️ ကိုကိုက ပိုနာကျင်ရမှာ baby သိပါတယ် ကိုကို baby ကို ဒီည လျှော့ချစ်ကြည့်ပါလား

🖤 ကျစ် ဒီကောင်လေး ငါလုပ်လိုက်ရ အချစ်က တင်ချင်တိုင်းတင် ချချင်တိုင်း ချလို့ရတဲ့ အရာမဟုတ်ဘူးဗျ

ပုခုံးပေါ်နစ်ဝင်နေတဲ့ မေးဖျားလေးရဲ့ပြောင်းလဲခြင်းမှာ သူ့အပြုံးတွေက အဓိကတရားခံဖြစ်နေတော့ ကျွန်တော်လဲ လိုက်ပြုံးမိရသည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now