Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Chromatophilia-3❤️
နွေးထွေးနေတဲ့ လေညင်းသဲ့သဲ့ဟာ ကျွန်တော့်ဆံစတွေကြားထဲ တိုးဝှေ့ကျီစယ်နေသည်။
နားထဲကြားနေရတဲ့ တိုင်ကပ်နာရီက အချက်ပေးမြည်သံဟာ နားထဲနီးလာလိုက် ဝေးသွားလိုက်နဲ့ စုစုပေါင်း ၈ ချက်လား ၉ချက်လားရယ်ကို ဝေခွဲမရ။
ညင်သာစွာ ပွေ့ဖက်ထားတဲ့သူ့လက်တွေကြားမှာ အသိစိတ်ကနိုးတစ်ဝက်အိပ်မက်နဲ့ ဘယ်အရာကိုမှ တိတိပပခံစားလို့မရ။
ညက သူ့အချစ်ကို စိတ်တိုင်းကျ ခွင့်ပြုပေးခဲ့တာပဲသိပြီး နောက်ပိုင်းလူကလုံးဝတင်းမထားနိုင်ပဲ အိပ်ပျော်သွားခဲ့တာလေ။
အခုရော ကျွန်တော်နိုးနေတာလား အိပ်မက်မက်နေတာလား။
ခန္ဓာကိုယ်တစ်ခုလုံးလဲ အေးစက်ပြီး မလှုပ်နိုင်အောင်ကို ကိုင်ရိုက်ခံထားရတဲ့အတိုင်း လူကကျိုးကြေနေသလိုကို ခံစားနေရသည်။
ငိုတောင် ငိုချင်လာပြီဗျာ ဒီလူကြီးဟာ ညက အမဲလိုက်တဲ့မုဆိုးစိတ်များဝင်သွားတာလားမသိပါဘူး။
အချစ်ကြမ်းပုံက လူကိုအခုအမဲဖျက်ခံထားရသလို ခံစားနေရပြီ။
မျက်လုံးကြိုးစားဖွင့်ကြည့်လို့ ပွင့်ရင် ဒါအိပ်မက်မက်နေတာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျွန်တော်လက်ရှိခံစားမိသမျှနာကျင်ခြင်းထုထည်ဟာ အခုမျက်စိရှေ့မှာ ဝိုးတဝါးမြင်နေရတဲ့မြင်ကွင်းအောက်မှာပဲ ပျောက်ကွယ်သွားရပြီ။
ကျွန်တော့်ဘက်မျက်နှာမူအိပ်နေတဲ့ ကိုကိုဟာ ပကတိအေးချမ်းခြင်းနဲ့ ပြုံးလို့လေ။
အပြုံးတွေက ကူးစက်တတ်တယ်ဆိုတဲ့အတိုင်း ကိုကို့ရဲ့နှုတ်ခမ်းကွေးလေးဟာ ကျွန်တော့်အတွက် မနက်ဖြန်ပေါင်းများစွာကို သက်ဝင်ပြုံးရွှင်စေနိုင်တယ်လေ။
သူ့ရဲ့ အေးချမ်းငြိမ်သက်တဲ့အပြုံးကို တမေ့တမောငေးကြည့်နေမိတာ တော်တော်ကြာကြာထိပေါ့။
ဒီလူကို ဒီလိုပဲ ပြုံးစေချင်တဲ့ရင်ထဲက ဆန္ဒက ကျွန်တော့်ရဲ့မျက်ကွယ်ရာအရပ်တွေထိ သက်ရောက်ပါသည်။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း