Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Chromatophilia-18❤️
မနက်စောစောနိုးတည်းက ကိုယ်တစ်ယောက်တည်းဘုရားသွားဖို့ရေမိုးချိုးအဝတ်အစားလဲပြီး အဆင်သင့်ဖြစ်နေပေမဲ့ ဟိုသားအဖ၃ယောက်ကတော့ လုံးဝမနိုးသေး။ မနေ့ညနေတည်းကလိုက်ပို့ခိုင်းတာကို ကိုကိုတစ်ယောက်အိပ်ပုတ်ကြီးနေလို့မသွားဖြစ်တာလေ။ ခုမနက်ဖက်သွားမယ်ဆိုတော့လဲ မထသေးပြန်ဘူး။ ပြီးတော့မနက်ဖြန် ကျွန်တော့်၂၄နှစ်ပြည့်မွေးနေ့။ အာ့လဲ အသံတောင်မဟ ဘာမှစီစဥ်ထားတာလဲ မရှိ။ ဒီလူကြီးတစ်ခုခုတော့ဖြစ်ချင်နေပြီထင်တယ်။
လောလောဆယ်တော့ သူ့ကိုမနှိုးခင်သားနဲ့သမီးကို အရင်နှိုးပြီး ဖေဖေ့ကိုပဲရေမိုးချိုးအဝတ်အစားလဲပေးလိုက်ပါလို့ အကူအညီတောင်းခဲ့ရသည်။ ကျွန်တော်ကတော့ ဟိုကာလနဂါးကြီးကိုနှိုးရဦးမယ်လေ။ ကလေးတွေအခန်းထဲကထွက်တာနဲ့ အောက်ထပ်မီးဖိုခန်းထဲဆင်းပြီး စတီးလင်ဗန်း၂ချပ်ယူကာ အခန်းထဲပြန်ဝင်လာခဲ့သည်။
အခန်းထဲရောက်တော့ အိပ်နေတဲ့သူ့နားကပ်ကာ ဝမ်းမြောက်ဝမ်းသာနဲ့ အားရပါးရလင်ဗန်း၂ချပ်ကို တဗြန်းဗြန်း တီးပစ်လိုက်တော့သည်။ အဲ့တော့မှ အိပ်ရာကနေဝုန်းခနဲထ မျက်လုံးပြူးကြီးနဲ့ ကျွန်တော့်ကိုကြည့်နေတယ်လေ။
❤️ နိုးပြီလား
အူကြောင်ကြောင်နဲ့ ခေါင်းညိတ်ပြီး အပျင်းကြောကဆန့်နေသေး။
❤️ နိုးရင်ခုရေသွားချိုးတော့ ပြီးရင်ဘုရားလိုက်ပို့
🖤 အင်း အင်း အာဘွားပေးပါဦး
ထော်နေတဲ့နှုတ်ခမ်းကို လင်ဗန်းနဲ့ဖိပေးလိုက်တော့ စိတ်ချမ်းသာသွားပုံရပါတယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ ကုန်းထလာတော့ ကိုယ်လဲလင်ဗန်းကိုင်ပြီး အပြင်အမြန်ပြေးရတာပေါ့ဗျာ နို့မို့ မလွယ်ဘူးလေ။
ကလေးတွေနဲ့အတူ အောက်ထပ်မှာပဲ အဆာပြေစားရင်း သူအလာထိုင်စောင့်နေလိုက်ပြီး ကော်ဖီအသင့်ဖျော်ပေးထားလိုက်သည်။ ရေမိုးချိုးပြီးဆင်းလာတော့ သန့်ပြန့်နေတဲ့ကိုယ်တော်ချောရုပ်က ဘုရားပေါ်မှာလဲ ကျွန်တော်အကုသိုလ်များရမဲ့ကိန်းထင်ပါရဲ့။
KAMU SEDANG MEMBACA
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
Fiksi PenggemarFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း