Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-24❤️
"ဓာတ်မှန်စစ်ဆေးချက်အရတော့ ခေါင်းထဲအသက်အန္တရာယ်စိုးရိမ်ရ
တဲ့ထိ ထိခိုက်မိသွားတာတော့မရှိပါဘူး မနက်နိုးလာရင် အိမ်ပြန်လို့ရပါတယ်"ခေါင်းကပတ်တီးအဖွေးသားနဲ့ ညာဘက်လက်ကျိုးသွားတဲ့ Nickကိုကြည့်ရင်း သက်ပြင်းမောကြီးသာချမိသည်။ မင်းကလုပ်ချင်ရာလုပ်ပြီး အိပ်နေပေမဲ့ ငါကမပျော်ဘူး လဒရေ။
🖤 Mike သူ့ကို ဒီညစောင့်ပေးလို့အဆင်ပြေတယ်မှတ်လား မင်းလဲ မနားရသေးဘူး အားနာပါတယ်ကွာ
"အာ အကိုလေးကလဲ လုပ်ပြီ အားနာရမဲ့လူလားဗျ သွားပါ အခန်းထဲမှာ စောင့်နေကြလောက်ပြီ ဒ်ီမှာ ကျွန်တော့်တာဝန်ထားလိုက်"
🖤 အင်းပါ
ဘာတွေဆက်ဖြစ်မယ် မသိသေးတာမို့ ခုလောလောဆယ် ဒီတစ်ညလဲ ငုတ်တုတ်မိုးလင်းရမယ်ထင်ပါတယ်။ အိပ်ပျက်ညတွေများပြီမို့ ခေါင်းတွေလဲကိုက်ပြီး မျက်လုံးတွေလဲကျိန်းစပ်နေပြီ။
အခန်းထဲအသာဝင်လိုက်တော့ baby ကိုဆေးပြန်သွင်းဘာညာလုပ်ပေးနေတဲ့ အန်ကယ့်ကိုတွေ့လိုက်ရပြီး Leo ကတော့ ကလေးနဲ့အတူ ဆိုဖာပေါ်မှာအိပ်ပျော်နေသည်။ မြင်နေရတဲ့ ဒုက္ခတွေကို
ကြည့်ရင်း သူတို့ကိုလဲသနား ကိုယ့်ဟာကိုယ်လဲသနားနဲ့ ကံကြမ္မာသာလူဆို ကျွန်တော်သတ်လို့သေတာကြာပြီ။ စောင်အပိုတစ်ထည်ရှိတာလေးယူပြီး Leo နဲ့ ကလေးပေါ်ခြုံလွှမ်းပေးလိုက်ကာ baby နားသွားတော့ အန်ကယ်က လေသံတိုးနဲ့ပြောသည်။"DNA စစ်ဖို့ မနက်ကျရင် ကလေးနဲ့ Leo ကို ငါ့ဆီလွှတ်လိုက် ဒီကလေးလဲ မနက်ကျနေလို့ထိုင်လို့ပုံမှန်ကောင်းနေရင် အိမ်ပြန်လို့ရပြီ နည်းနည်းမောတာဘာညာက သူ့အတွက်အဆန်းမှမဟုတ်တော့တာ သူမနေချင်တော့တာလဲ ငါသိတယ်"
🖤 ဟုတ်တယ် အန်ကယ် သူ့လဲသနားနေတာ အိမ်က ကလေးတွေလဲသနားနဲ့ ကျွန်တော်လဲ ကြားထဲကပိုပင်ပန်းတယ်
"မင်းလဲ ဂရုစိုက်ဦး ဘယ်ကိစ္စမဆို အချိန်တန်ရင် ပြီးဆုံးသွားမှာပဲ ဘယ်အရာမှတစ်သက်လုံး ဖြစ်နေမှာမဟုတ်ဘူး ငါသွားပြီနော် တစ်ရေးလောက်အိပ်လိုက်ဦး "
VOCÊ ESTÁ LENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း