🖤Coffee Love-14❤️

900 133 92
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-14❤️

မနူးညံ့ပေမဲ့ ရှင်သန်နေသော မေတ္တာဖြင့်သာ အိုမင်းလိုပါသည်

သူနဲ့အတူပေါ့🖤❤️

🖤❤️🖤❤️

အဖြူရောင်နို့နှစ်လိုအသားအရေပေါ် စိမ်းမြမြသွေးကြောလေးတွေယှက်ထားတဲ့ ကျွန်တော်သိပ်မြတ်နိုးရတဲ့ ငြိတွယ်ရတဲ့လက်တစ်ဖက်....

အဲ့လိုချစ်ရတဲ့လက်ကလေးမှာမှ ပတ္တမြားရောင်သွေးနှစ်တို့က စွန်းပေနေလေတော့ ကျွန်တော့်မှာ မတို့ရက်မထိရက်နဲ့ ရင်ထဲကိုဆူးလို့...

🖤 ကောင်ဆိုးလေးပါကွာ baby က

သူ့လက်ကလေးကို ဆေးထည့်ပေးဖို့ပြင်နေရင်း ဖြစ်လာတဲ့ခံစားချက်ကြောင့် စကားလုံးအချို့က ယိုင်တိယိုင်နဲ့ နဲ့ ထွက်ကျလာသည်။

❤️ ချစ်လို့ပါဆို ကလေးတို့အဖေကလဲ

ရုတ်တရက် ထွက်ကျလာတဲ့ စကားလုံးလေးက ချစ်စဖွယ်ကောင်းအောင် ရင်ထဲတိုးဝှေ့လေတော့ ကျွန်တော့်နှလုံးသားက ခံစားချက်တွေက သူ့ပါးပြင်ပေါ် အနမ်းအဖြစ် ကျွံကျရပါပြီ။

🖤 ကလေးတို့ အဖေတဲ့လား ကွာ ချစ်လိုက်တာ baby ရာ.....

ပါးဖောင်းလေးကို ဘယ်ပြန်ညာပြန်နမ်းရင်း ပျော်ရွှင်ခြင်းက ကလိထိုးခြင်းကို နှလုံးသားက အလူးအလဲခံစားနေရပြီ။

❤️ ကိုကို အရမ်းပျော်နေတာလား ကြည့်ဉီး မျက်လုံးပေါက်တောင်မမြင်ရတော့ဘူး ပြုံးဖြီးနေတာပဲ....

ကျွန်တော့်နှာတံကို သူ့လက်ညှိုးလေးနဲ့ တို့ထိဆွဲညှို့ရင်း အမေးရှိလာတော့ သူ့ပါးလေးတစ်ဖက်ကို လက်ဖဝါးနဲ့ ခပ်သဲ့သဲ့ထွေးဖက်ရင်း ပြန်ဖြေရပြီ။

🖤 မနူးညံ့ပေမဲ့ ကိုယ့်ကမ္ဘာကိုပြန်မြင်စေတဲ့ ရှင်သန်စေတဲ့ စကားလုံးမျိုးကို baby ဆီကကြားရလို့ပေါ့ baby ရယ်

ကိုယ့်နှလုံးသွေးကနေကဖြစ်တည်တဲ့ သားသမီးတွေရဲ့ ဖခင်နေရာကို baby ဆီက စကားစုတစ်ခုအနေနဲ့ကြားရရုံတောင် ကိုကိုပျော်တယ်

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now