(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-22♥
မင်းကြိုးဆွဲရာကမဲ့ ရင်ခွင်တစ်စုံဖြစ်ကြောင်း ဘဝနဲ့ချီ သစ္စာပြုပါမည်...
ချစ်ခြင်းယုံကြည်သနားခြင်းဖြင့်သာ ကိုယ့်ရင်ခွင်မှာ ထာဝရတည်ပေးပါ baby🖤
🖤♥🖤♥
ညနေ မြစ်ကမ်းပါးကပြန်လာပြီးတည်းက သူပြန်လာရင် ရင်ဆိုင်ဖို့သတ္တိမွေးပြီးစောင့်နေခဲ့တာ အခု ည၈နာရီကျော်နေပြီ။
ကုတင်ပေါ်ထိုင်လိုက် လမ်းထလျှောက်လိုက် ဝရန်တာထွက်မတ်တပ်ရပ်မျှော်လိုက် မှန်နံရံချပ်က ကိုယ့်မျက်နှာအရိပ်ကို ငေးလိုက်နဲ့ ကိုယ်ထူကိုယ်ထ သတ္တိမွေးနေရတဲ့ကမ္ဘာက နည်းနည်းတော့ အထီးကျန်သား။
အပြစ်ဟူသမျှ လုံးလုံးလျားလျား သူ့ဘက်မှာရှိမနေတဲ့ကိစ္စမှာ မလုံသောလိပ်ပြာဟာလဲ ရင်တွင်းမှာ ပုန်းရှောင်ပျံထွက်ပြေးနေဆဲ။
အဆင်ပြေသွားမှာပါဆိုသော အသိကို တစ်ကိုယ်လုံးဆီအခါခါရိုက်သွင်းရင်း ထမင်းစားရတာ ဆေးသောက်ရတာလဲ အိပ်မက်ယောင်နေသူလိုမျိုး။
ဖေဖေကတော့ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေမဲ့ ကျွန်တော့်အသိမှာကျွန်တော်နဲ့ အသံမထွက်တဲ့ အားတင်းမှုတွေက ရှုပ်ထွေးဗြောင်းဆန်နေဆဲ။
သူလာရင် သူနဲ့မျက်လုံးအကြည့်ချင်းဆုံဖို့ကို သေမင်းနဲ့တွေ့ရမလို ကြောက်နေသေးတာကလဲ ဘယ်လိုမှအဆင်မပြေတဲ့ကိစ္စ.....
သူဘာတွေပြောပြီး ကိုယ်ကဘာတွေ တုံ့ပြန်ရမယ်လဲမသိ...
ဘယ်ဆီရောက်နေမှန်းမသိတဲ့ သူ့ကြောင့်လဲ စိတ်ကတဖြည်းဖြည်း မီးစာမမြင်ရပဲ တရိပ်ရိပ်ပူလာပြီ။
ဖုန်းဆက်ပြီးမေးဖို့ကလဲ ကိုယ့်စိတ်ကလက်မခံတာကြောင့် မတတ်နိုင်စွာထိုင်စောင့်နေရုံသာ....
အဲ့လိုနဲ့ နာရီလက်တံတွေက အချိန်ကိုတိုက်စားရုံမက ကျွန်တော့်ခံနိုင်ရည်ကိုပါ တရိရိတိုက်စားလာတဲ့အခါမှာ ကျွန်တော်မဟန်နိုင်ပဲ အိပ်ရာပေါ်ဝင်လှဲနေရပြီ။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း