Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-31❤️
တစ်ခန်းတည်းမှာတင် တောင်ကမ္ဘာခြမ်းနဲ့ မြောက်ကမ္ဘာခြမ်း ခြားနေသလို ခံစားချက်ကြီးက သူတို့လေးတွေမျက်နှာကြည့်လေ ပိုခံစားရလေ။ အိပ်ချင်မူးတူး နိုးထလာတာတောင်မှ မျက်နှာကြောတွေက လုံးဝမလျှော့သေးတော့ သက်ပြင်းသာကြိတ်ချလိုက်ရသည်။
❤️ ပါပါးဆီ နှစ်ယောက်လုံး လာခဲ့ သွားပွတ်တံထုတ်ပြီးလာခဲ့နော်
သူတို့အသုံးအဆောင်ထည့်ထားတဲ့ အိတ်ပိစိလေးတွေကို အခန်းထဲက ခုံပေါ်အဆင်သင့်တင်ပေးထားတာကို သွားယူပုံက တစ်ယောက်အသားတစ်ယောက်ထိမိရင် ပဲ့ကြွေကျတော့မဲ့အတိုင်း။ အရင်ကခုလိုရန်မဖြစ်ဖူးသလို စိတ်ဆိုးလဲခဏပဲ။ အခုကတော့ နင်စချော့မှ ငါ့ဘက်ကပြေမယ်ဆိုတဲ့ အထာကြီးတွေနဲ့ပါလား။
အငယ်မကလဲ သူကအငယ်မို့အမြဲအချော့ခံရ အလျှော့ပေးခံရလို့ ဆိုးချင်သလို အကြီးကောင်ကလဲ သူကအရင် စပြီး အကိုက်ခံရတာမို့ စိတ်တိုနေသေးတာမျိုး။ ကြည့်နေရင်း ကြည့်နေရင်းနဲ့ စိတ်ညစ်ရာကနေ ရယ်ချင်လာတော့ ခွီးခနဲ အသံထွက်အောင်ပင် ရယ်မိလိုက်သည်။
🖤 ဘာတွေ သဘောကျနေတာလဲ baby
ဆံပင်ကြားထဲ တိုးဝင်လာတဲ့လက်ချောင်းတွေရဲ့နွေးထွေးမှုက ဒီလူ့ရင်ထဲလာပါလို့တကူးတကခေါ်စရာမလိုပဲ ရောက်သည်။ ကျွန်တော် ရယ်နေတာကိုကြည့်ရင်း သူပါပြုံးနေတော့ ကျွန်တော်ပိုကျေနပ်ရတယ်လေ။
❤️ သားနဲ့သမီးကို ကြည့်လေ သူတို့ပုံစံတွေက baby နဲ့ကိုကို ဟိုးအရင်က စိတ်ဆိုးလို့ရန်ဖြစ်တာကို မြင်နေရသလိုပဲ
အမြဲချော့နေ အလျှော့ပေးနေရတဲ့ကောင်က အခုတော့ မချော့ချင်တော့ဘူးဆိုတဲ့ပုံ အချော့ခံနေရကျလူကလဲ အချော့မခံရရင်မခေါ်ဘူးဆိုတဲ့ပုံ ဒီမောင်နှမနဲ့တော့
🖤 ကိုကိုနဲ့ baby ကလေးတွေပဲဟာ တူမှာပေါ့ စိတ်ဆိုးဒေါသထွက်ရင်ထိန်းမရတာလဲ တူကြတာပဲ မကောင်းဘူးဆိုပေမဲ့ တူနေတာကို ကိုကိုသဘောကျနေတယ် baby
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း