(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-13♥
နှလုံးသားကိုကြိုးလိုထုံး အကြင်နာတွေသီကုံးပါရစေ...
🖤♥🖤♥
နူးညံ့အိစက်ခြင်းထဲနစ်ဝင်နေရာကနေ မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ မြင်နေကျကိုယ့်အခန်းရဲ့မျက်နှာကြက် က ဆီးကြိုနေသည်...
နာကျင်မှုအရှိန်မြေ့မြေ့ကျန်နေသေးတာကြောင့် စိတ်သွားတိုင်းလူကမပါနိုင်...
ထချင်ပေမဲ့ လူကအိစက်နေတဲ့မွေ့ရာပေါ်မှာ နစ်ဝင်နေရာကနေ လှုပ်ကိုမလှုပ်နိုင်သေး...
" သား နိုးလာပြီလား..."
ဆံစတွေကို သပ်တင်ပေးပြီးကြင်နာစွာမေးတဲ့လေသံကြောင့် လည်ပင်းကိုဖြည်းဖြည်းချင်းလှုပ်ပြီး စောင်းငဲ့ကြည့်တော့ ဖေဖေ့ကိုတွေ့ရသည်...
♥ ဟုတ်ကဲ့ ဖေဖေ........သားအကြာကြီးအိပ်ပျော်သွားတာလားဟင်...
" ဟုတ်ပ အခု ညနေစောင်းနေပြီ... ထ ရေလေးသောက်လိုက်ပါဦး..."
ဖေဖေ ထူမပေးတော့ ဖေဖေ့ကိုဖက်တွယ်ပြီး အားပြုထရသည်...
ဒီဟာလုပ်ပြီးတိုင်း အားပြတ်သလိုဖြစ်ကျန်ခဲ့တဲ့ကိုယ့်ဟာကိုယ်လဲအားမရ....
ဖေဖေပေးတဲ့ရေခွက်ကိုယူသောက်တော့ ကိုယ့်ညာဘက်လက်ကကောင်းကောင်းတောင်မဆုပ်ကိုင်နိုင်တော့....
ကိုယ့်နာကျင်မှုကို ကိုယ့်ဘာသာအံတုရင်း လက်ဖဝါးတပြင်လုံး ခြစ်ရာရှရာလိုမျိုးဒဏ်ရာလေးတွေ ပွနေပြီလေ....
မဖြစ်ဘူး ကိုကိုကပြန်လာတော့မှာ....
ရေသောက်ပြီးတာနဲ့ ဖေဖေ့ကိုဆေးထည့်ပေးဖို့အကူအညီတောင်းရတော့သည်...
♥ဖေဖေ သားလက်ကိုဆေးထည့်ပေးပါလားဟင်....
ဖေဖေ့ကို လက်လေးထိုးပြရင်းပြောတော့ စုတ်တသတ်သတ်နဲ့ ကျွန်တော့်လက်ကလေးကိုကိုင်ရင်း စိတ်မကောင်းဖြစ်သွားပုံရသည်....
" ငါ့သားရယ် ခဏလေးစောင့် ဖေဖေဆေးသေတ္တာသွားယူဦးမယ်နော်.."
ВИ ЧИТАЄТЕ
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
ФанфікиFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း