🖤A Million Dreams❤️

985 124 247
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams❤️

လေသဲ့သဲ့တိုးခံရခြင်းနဲ့ မှိတ်ထားတဲ့မျက်ဝန်းပေါ်ရောင်ဖြာသမ်းလာတဲ့ ဝါရွှေရောင်အလင်းကြောင့် မနက်ခင်းသို့ရောက်ပြီလို့ စိတ်ကသိလိုက်ရသည်။

ကျစ်ကျစ်ပါအောင်ပွေ့ဖက်ထားခြင်းလဲခံရသလို ဖက်ခေါင်းအုံးတစ်လုံးလိုပါ ခွဖက်ခံထားရတာကြောင့် အေးစက်ခြင်းက မည်သို့မှသက်ရောက်မှုမရှိပဲ နွေးတာထက်တောင်ပိုရပါသေးသည်။

❤️ ကိုကို ထတော့ မိုးလင်းပြီ

သူ့ရင်ခွင်ထဲကနေခပ်တိုးတိုးနှိုးရင်း ဒီအခြေအနေလေးကို ရင်ထဲမှာသဘောကျကျေနပ်နေမိတာပါ။ ကိုယ့်မွေးနေ့ မနက်ခင်းမှာချစ်ရသူရဲ့ရင်ခွင်ထဲကနေ နိုးထလာရတာမဟုတ်လား။

❤️ကိုကိုရေး ထတော့လို့

သူမထသေးမှန်းသိပေမဲ့ အိပ်ချင်မူးတူးနဲ့ ပြန်ထူးတဲ့ပြောတဲ့အသံလေးကို ကြားချင်လို့ထပ်ပြီးနှိုးမိတော့ ပြန်ကြားရတဲ့ အသံက သူ့ပါးစပ်ကမဟုတ်ပဲ အောက်က။ မြည်သံစွဲနောက်မှာ လှိုက်တက်လာတဲ့ မသိုးမသန့်အနံ့ကြောင့် သူ့ရင်ခွင်ထဲကနေ အားရပါးရရုန်းထွက်မိပြီ။

❤️ အကျင့်ပုတ်ကြီး နိုးနေရဲ့သားနဲ့ မထပဲ အီးပေါက်ရသလား နံတယ်ဗျာ

🖤 Happy Birthday ဘူဘူးပါ baby ရယ် ဟီးဟီး

❤️ အား....... စိတ်ကူးယဥ်ထားတာတောင် ပျက်တယ်ဗျာ  အကျင့်မကောင်းတဲ့လူရီး

Tentထဲကနေ အပြင်ထွက်ပြီး လေကောင်းလေ
သန့်ဝဝရှူလိုက်တော့မှပဲ အဆင်ပြေတော့သည်။ တကယ့်လူကြီး စောစောစီးစီး လူကို အီးနဲ့စပရိုက်တိုက်နေသေးတာ။

❤️ နိုးရင်လဲ ထတော့ ဒီနေ့ baby မွေးနေ့ဆိုတော့ စျေးဝယ်လေးဘာလေးထွက်ကြမယ်လေ baby ဟင်းချက်ကျွေးမယ်

🖤 ဟင့်အင်း ဒီနေ့ကိုကိုနဲ့ တစ်နေရာလိုက်ခဲ့ရမယ် သားနဲ့သမီးကိုပါ ခေါ်သွားမှာ

❤️ ဘယ်ကိုလဲ

🖤 ရောက်ရင်သိမှာပေါ့ကွာ

💛🕊️ ပါပါးးးးဒီဒီ

သူနဲ့ ပြောနေတုံး အသည်းလေးတွေရောက်လာတော့ သူတို့သားအဖတွေဆော့ချင်လဲဆော့ပါစေဆိုပြီး ထားပစ်ခဲ့လိုက်သည်။ ကျွန်တော်ကတော့ မျက်နှာသစ်သွားတိုက် ရေမိုးချိုးပြီး မနေ့ညကလက်ဆောင်ရထားတဲ့ အင်္ကျီအသစ်လေးဝတ်ဖို့ တက်ကြွနေပြီလေ။ သူတို့လေးတွေရဲ့အချစ်တွေနဲ့ ဖန်တီးထားတဲ့ အင်္ကျီလေးမို့တန်ဖိုးထားပြီးဝတ်ချင်တာပါ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersDonde viven las historias. Descúbrelo ahora