🖤A Million Dreams-20❤️

796 117 176
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams-20❤️

နေဝင်လို့ ညအမှောင်ထုက စတင်လွှမ်းခြုံစပြုနေပြီ။လူတွေကတော့ အိမ်ပြန်မရောက်ကြသေးပါဘူး။ တစ်နေကုန်သူရောကိုယ်ပါစိတ်ပန်းလူပန်းနဲ့မို့ ကိုယ်လဲကားသာမောင်းနေရတာ အားမရှိ။ သူလဲ ကားမှန်မှီရင်းအိပ်ပျော်နေတာ သိုးလို့။

အိပ်ရေးပျက်မှာစိုးလို့ ချိုင့်တွေကျင်းတွေရှောင်မောင်းရင်း နောက်ဆုံးတော့ အိမ်ပြန်ရောက်ခဲ့ပြီ။ ညလဲမိုးချုပ်နေပြီမို့ ဆက်အိပ်စေချင်ပေမဲ့ ရေမချိုးရသေးတော့ မလန်းမဆန်းဖြစ်နေမှာကိုတွေးပြီး နှိုးရတော့သည်။

🖤 baby ထတော့ အိမ်ရောက်ပြီ ထလို့

❤️ ဟင့်အင်း

မျက်လုံးတောင်မဖွင့်ပဲ အိပ်ကောင်းနေတဲ့ကောင်လေးရဲ့ ပါးဖောင်းဖောင်းကို သွားနဲ့ အသာလေးကိုက်ပစ်တော့ ခေါင်းကဆံပင်တွေကြားထဲသူ့လက်ကရောက်ပြီးသား။ စိတ်ချည်းပဲ သူပုန်ကောင်ရယ်။

❤️ ဘာလို့ကိုက်တာလဲ အိပ်နေတာကို

🖤 နှိုးမရလို့ပေါ့ ကောင်စုတ်လေးရဲ့ အိမ်ရောက်နေပြီ ထ ထ ညကျမှစောစောအိပ်တော့

❤️ ဟင် အိမ်ပြန်ရောက်ပြီလား သိတောင်မသိလိုက်ဘူး ဟီး

🖤 မစောင့်တော့ဘူး ငါသွားပြီ

❤️ ဟာ လိုက်မယ် စောင့်လို့

ကားထဲကနေထွက်တော့မှ ဖုတ်လူးပြာလူးနဲ့ ဆင်းလာပြီး လက်လာချိတ်နေတဲ့ကောင်လေးကို စချင်စိတ်ပေါက်လာပြီ။

🖤 ဘာလဲ လက်မောင်းကြီးလာချိတ်တာ မင်္ဂလာခန်းမထဲဝင်မယ်ထင်နေလို့လား အားးးးး ခွေးကောင်လေး ကိုက်ပြန်ပြီ

လက်မောင်းကိုကုန်းကိုက်လို့ အော်နေရပေမဲ့ တွန်းမထုတ်ရက်ပါဘူး။ သူဘာလုပ်လုပ်ကျေနပ်ပြီး ချစ်နေရတဲ့ကောင်ကိုး။

🖤 ​ခွေးလေး ဘာလို့ကိုက်တာလဲ

❤️ ခွေးလေးယောကျာ်း ခွေးကြီးက စတာကိုး

လုံးဝကို ဘဝခြားမခံတာနော် ချစ်တတ်လိုက်တာ baby ရယ်။

🖤 မင်းနဲ့တွေ့မှပဲ ငါ့မှာဘွဲ့ပေါင်းစုံနဲ့ နာမည်ကိုကြီးနေတာပဲ

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersOnde histórias criam vida. Descubra agora