🖤A Million Dreams-23❤️

766 119 202
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤A Million Dreams-23❤️

နူးညံ့တဲ့ အထိအတွေ့တချို့နဲ့အတူ နိုးထလာတော့ အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း။ မအိပ်ခင်က စည်းချက်ကျကျချော့သိပ်တဲ့ နှလုံးခုန်သံနွေးနွေးကလဲ မရှိ။ ဒီလူကြီး ဘယ်များသွားနေပါ
လိမ့်။ အပြင်လှမ်းကြည့်တော့လဲ မိုးတောင်ချုပ်လုပြီ။ သူ့ကိုအနားမှာရှိစေချင်စိတ်က အလိုမကျမှုကိုလှုံ့ဆော်လေတော့ အလိုလိုမျက်မှောင်က ကုပ်နေမိပြီ။

🖤 ဟာ baby နိုးပြီလား

နေမကောင်းချိန်ချွဲနေကျ ဆိုးနေကျ ညဥ်အတိုင်း စိတ်ဆိုးလိုက်ဦးမှဆိုတဲ့စိတ်နဲ့လှမ်းကြည့်တော့ သူကိုင်လာတဲ့အရာတွေကို မြင်ပြီး လူကအရည်ပျော်ပြီ။

❤️ ဟင် baby ကလေးလေးတွေ

🖤 ဟုတ်ပဗျာ သားနဲ့သမီးကိုယ်စား သူတို့အရုပ်လေးတွေ သွားယူလာပေးတာ

ကလေးတွေနဲ့ဝေးနေချိန်မှာ သူတို့နှလုံးခုန်သံလေးတွေအလွမ်းပြေနားထောင်ခွင့်ရတာကိုက ကျေနပ်စရာပဲမှတ်လား။ အရုပ်တွေယူဖို့ လက်ကိုဆန့်တန်းတော့ တောင်းဆိုသံက ထွက်လာသည်။

🖤 အရုပ်လိုချင်ရင် ကိုယ့်ကို နမ်း

ကလေးလူကြီးကို အလိုမကျစွာ မျက်မှောင်ကုပ်ကြည့်နေလိုက်ပေမဲ့ ကိုယ်ကလိုချင်သူဆိုတော့ သူတောင်းတာ ပေးရမှာပေါ့။ လက်ယပ်ခေါ်လိုက်တော့ မျက်လုံးကြီးမှိတ် နှုတ်ခမ်းထော်ထားတဲ့ မျက်နှာကြီးက လူရှေ့တည့်တည့်ရောက်လာသည်။

သူ့ကို ပြန် စချင်စိတ်နဲ့ ချစ်စရာမျက်နှာကြီးကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီး ဘေးကိုလှည့်လိုက်ကာ ပါးကိုပဲနမ်းလိုက်တော့ သိပ်ကျေနပ်ပုံမရ။

🖤 ကျစ် လူလည်ကျလိုက်တာ ကွာ

ဆတ်ခနဲ မျက်နှာကိုဆွဲယူပြီး ပါးကိုအတင်းဖိနမ်းတော့ နှာခေါင်းထဲပိုက်ထည့်ထားတာမို့ လူကမွန်းကြပ်ပြီး အသက်ရှူရပါကြပ်လာသည်။

❤️ အွန်းးးး နာတယ် ငါ့နှာခေါင်းထဲပိုက်ထည့်ထားတယ်လေ

🖤 ဟုတ်သားပဲ ဖွဖွ baby နာသွားလား sorryကွာ ကိုကိုက အရမ်းလွမ်းနေလို့ နမ်းမိတာ သိလား ကိုကို လွမ်းနေတာကို ဟင်

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersDove le storie prendono vita. Scoprilo ora