🖤Coffee Love-23❤️

848 135 122
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-23❤️

ကော်ဖီတွေဟာ
ရန်သူထက် ခါးခဲ့ဖူးတယ်ဆိုတာ
မင်းကိုမသိစေချင်ဘူး
ဘာကိုမှ မင်းကို....
မ  သိ   စေ   ချင်    ဘူး   baby🖤

🖤❤️🖤❤️

ဆုပ်ကိုင်ထားတဲ့လက်ကို ဖြုတ်ချလိုက်တော့ Liz ရဲ့ အပြုံးပါးလျလျဟာ ဂရုဏာသက်ခြင်းအပြည့်ဖုံးလွှမ်းလို့။

☕️ အစားထိုးလို့ မရမဲ့ နေရာတစ်နေရာ ရှိနေသေးတာပဲနော် ကျွန်မအတွက်လေ

🖤 ငါ့မှာဘာမှပြောစရာစကားမကျန်တော့ပါဘူး
မင်းသိနေတာပဲလေ

☕️ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ ကျွန်မတာဝန်ကျွန်မကျေစေရမှာမို့ ....

🖤 ကျေးဇူးတင်ပါတယ် Liz.... အရာအားလုံးအတွက်ပါ

☕️ ရင်နဲ့အမျှ ခံယူပါတယ်ရှင်

🖤 အာ့ဆို ငါသွားပြီနော်

သူမကို နှုတ်ဆက်ခဲ့ပြီးတော့ လာကြိုနေတဲ့ Mike ရဲ့ ကားပေါ်ကိုတက်ထိုင်လိုက်သည်။

"အဆင်ပြေခဲ့လား အကိုလေး"

🖤 အင်း ပြေပါတယ်ကွာ

" အခု ဘယ်သွားကြမလဲ "

🖤 ဆေးရုံကိုသွား Mike ငါ အန်ကယ် Nonနဲ့ စကားပြောစရာရှိတယ်

Mike ကို ဆေးရုံသွားဖို့ပြောလိုက်ပြီးတာနဲ့ မျက်လုံးတွေမှိတ်ကာ ကားနောက်ခန်းမှာပဲ ခွေခွေလေးလှဲချလိုက်တော့သည်။

ပင်ပန်းနေပါပြီလို့ ဘယ်သူ့ကိုမှမပြောနိုင်တဲ့ဘဝ မပြောချင်တဲ့ဘဝ။

ကိုယ်ပင်ပန်းတိုင်း အပိုင်စားနားခွင့်ရတဲ့ ပုခုံးတစ်ဖက်နဲ့ ရင်ခွင်လေးရဲ့ပိုင်ရှင်လေးက အခုအရမ်းပင်ပန်းနေတာမို့ ထပ်ပြီးသူ့ကိုမပင်ပန်း မနာကျင်စေချင်တာပါ။

မနာကျင်စေချင်တဲ့ အတ္တကို အဖြူရောင်လို့ပဲ ခေါင်းစဥ်တပ်လို့ရတယ်မဟုတ်လား။

ကိုယ့်နာကျင်ခြင်းတွေသူပြန်ရယူနေချိန်မှာ ဒီဟာလေးတစ်ခုကိုပဲ ကျော်သွားခွင့်ပြုပါလောကကြီးရယ်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now