(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-3♥
ကံကြမ္မာမုန်တိုင်းကြားမှာ အာမခံထားလို့ရနိုင်တာဘာရှိမလဲ....
နှလုံးသားကိုအပေါင်ထားပြီး မင်းလက်ကိုပဲမလွှတ်တမ်းဆုပ်ကိုင်ထားပါရစေ...
ငရဲနဲ့သံသရာဆက်နေရင်တောင် မင်းဘေးမှာရှိနေချင်လို့ပါ baby🖤🖤🖤
🖤♥🖤♥
ပြိုလဲကြေကွဲခြင်းကိုပွေ့ပိုက်ထားရတဲ့ လူတစ်ယောက်ဘဝမှာ ရှေ့ဆက်မြင်ရစရာအလင်းရောင်ရှိနေသလား မရှိနိုင်ဘူးလား ကျွန်တော်သေချာမသိ....
အခုလောလောဆယ်တော့ ရင်ခွင်ထဲမှာပျော့ခွေနေတဲ့ ကျွန်တော့်ရဲ့ကမ္ဘာငယ်လေးကြောင့် ကျွန်တော့်ရဲ့အရာရာက အသက်မဲ့နေပြီ....
ကျွန်တော်စိုးရိမ်နေတဲ့အရာတွေ အမှန်တကယ်ဖြစ်လာခဲ့ပြီဆိုတဲ့အသိနဲ့ ဘာဆက်လုပ်ရမယ်ဆိုတာ ကျွန်တော်တကယ်မသိတော့....
အိမ်ကိုပြန်နေတဲ့လမ်းတစ်လျှောက်လုံး မျက်စိကိုဇွတ်အတင်းမှိတ်ရင်း မျက်ရည်တွေတွေကျနေတဲ့ babyကို ရင်ခွင်ထဲထည့်ထားရုံကလွဲလို့ ကျွန်တော်တကယ်မထိရက်တော့....
တကယ်ဆို ခုနက သူ့မျက်နှာကိုဖြတ်ရိုက်ပစ်ချင်တဲ့အထိ ဒေါသထွက်ခဲ့တာ...
ကျွန်တော့်ကိုပြောနေတာ သူမဟုတ်ပဲ Noလို့စိတ်ထဲမှာခံစားရတဲ့အထိ ကျွန်တော့်အခြေအနေဆိုးရွားနေခဲ့တာပါ...
ဒါပေမဲ့ သူအမှန်တကယ်ပြောင်းလဲနေရင်တောင် ကျွန်တော့်စိတ်ကိုအဆုံးထိလွှတ်ပေးလိုက်ရင် နာကျင်ရမှာက သူပဲမို့ စိတ်ကိုလျှော့ပြီး ပါးစပ်ပိတ်ရုံလောက်ပဲ လုပ်လိုက်တာပါ....
ခုလောလောဆယ်မှာတော့ မတူညီတဲ့သေခြင်းမျိုးတွေနဲ့ အတူတူသေဆုံးနေရသလိုမျိုးဖြစ်နေပြီလေ....
ဒီလိုပဲ လက်လျှော့လိုက်ရတော့မှာလား...
ဒီလိုပဲအရှုံးပေးလိုက်ရမှာလား....
တဖြည်းဖြည်းသွေးအေးသွားကြမှာလား...
သူကျွန်တော့်ကို မုန်းသွားမှာလား....
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း