🖤Coffee Love-12❤️

875 126 94
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-12❤️

သဘာဝတရားကိုချစ်ပါ

လွဲမှားခြင်းကို နားလည်ပေးပါ

ခံစားချက်ကို ရွေးချယ်ပါ

အရာရာဟာ သင့်နှလုံးသားအတွက်သာ....

🖤❤️🖤❤️

ကားပေါ်ကနေဆင်းပြီး မုန့်ထုပ်လေးဆွဲကာ ခြံထဲဝေ့ဝဲကြည့်ရုံနဲ့ သားနဲ့သမီးက ကိုယ့်ဆီပြေးလာတာကို မြင်နေရပြီ။

ဒါပေမဲ့ ကလေးတွေနောက်ကနေ အပြုံးလေးနဲ့ ငေးနေတဲ့ babyကတော့ မရှိ။

👶👶 ဒီဒီ........

🖤 လာပါဦး ဒီဒီ့ အသည်းပုစိလေးတွေ

ကလေးတွေပြေးလာတာကို ဆီးပွေ့ရင်း baby များ ဘယ်နေရာကထွက်လာမလဲလို့ ဟိုဟိုဒီဒီကြည့်ပေမဲ့ မတွေ့။

🖤 ဖေဖေ baby ရော

ကလေးတွေကိုဖက်ထားရင်း ဖေဖေ့ကို လှမ်းမေးတော့ ....

"P'May ဆီသွားမယ်ဆိုပြီး ထွက်သွားတာပဲဟေ့ "

🖤 ဟုတ်ကဲ့ ဖေဖေ.... P'Chen ရေ ကလေးတွေကို မုန့်ကျွေးပေးပါဦး

P' လက်ထဲ မုန့်ထုပ်ထည့်ပေးပြီး baby ဖို့ချန်ထားပေးဖို့ မှာလိုက်ရသေးသည်။

ဖေဖေတို့အထဲဝင်သွားတော့မှ ဖုန်းထုတ်ပြီး P' May ဆီ ဖုန်းလှမ်းဆက်ရသည်။

🖤 Hello P' သူ အဲ့မှာရှိလားဟင်

🔥 ခုလေးတင် ပြန်သွားပြီ N'.....

🖤P' ဆီ သူရောက်လာတာ တစ်ခုခုထူးလို့မှတ်လား P'

🔥 အင်း ဟုတ်တယ် N'  သူပန်းအိုးလေးတစ်အိုးနဲ့တူတူရောက်လာတာ အိုးထဲမှာက သွေးစွန်းနေတဲ့ နှင်းဆီရိုးတံလေးစိုက်ရက်သားနဲ့လေ

ရင်ထဲ ဒိန်းကနဲ ဖြစ်ပြီး baby ကို စိုးရိမ်စိတ်က တမဟုတ်ချင်းကို တစ်ကိုယ်လုံးပျံ့နှံ့လာပြီ။

🖤 သူရော သူ့အခြေအနေကောင်းရဲ့လား

🔥 အစကတော့ စိတ်ရှုပ်နေပေမဲ့ အခုအဖြေတစ်ခုရသွားလို့ သူပျော်သွားပါပြီ

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now