🖤Road to Love-1♥

1.2K 158 122
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Road to Love-1♥

မဖြစ်နိုင်ဘူးဆိုတဲ့ အရာမှန်သမျှဟာ အချစ်ရဲ့စွမ်းအားအောက်မှာ ပျောက်ကွယ်ရစမြဲပဲတဲ့...

ထင်နေတာထက်ပိုချစ်ကြောင်း သက်သေပြမှာမို့ ကိုယ့်လက်ကိုဆွဲပြီး လိုက်ခဲ့ပေး baby...

တလောကလုံးကို မင်းအိတ်ကပ်ထဲထည့် လက်ဆောင်အဖြစ်ပေးမှာမို့လို့လေ🖤🖤

🖤♥🖤♥

စပို့ရှပ်အင်္ကျီအဖြူပါးပါးအောက်က ချစ်ခြင်းအမှတ်အသားကို အသာတို့ထိရင်း ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ အင်္ကျီလဲပေးခြင်းအမှုကိုပြုရဦးမည်...

ချွေးတွေမတရားထွက်သလောက် အပူကလဲလျော့ပါးလာလို့ ဝမ်းသာရပေမဲ့ ချွေးနဲ့တင်အအေးပြန်ပတ်မှာစိုးလို့ ချွေးနည်းနည်းစိုတာနဲ့ မနေနိုင်မထိုင်နိုင်လဲပေးနေမိတဲ့အဖြစ်ပါ...

ကိုယ့်အဝတ်တောင်ကိုယ်မလဲနိုင်သေးပဲ ချွေးသုတ်ပေးလိုက် အင်္ကျီလဲပေးလိုက် ရင်ခွင်ထဲထည့်ပြီး သူ့ပါးဖောင်းလေးကိုပွတ်သပ်ရင်း ပြောစရာစကားတွေ စီလိုက်နဲ့ လူကစိတ်ရောလူပါမနားနိုင်ဖြစ်နေရသည်...

သူအိပ်ပျော်နေတာ အိမ်ပြန်ရောက်တဲ့နေ့ခင်းကနေ ခုညနေညိုလို့ နေတောင် အရိပ်ခိုတော့မည်..

သွင်းထားတဲ့ဆေးလဲကုန်ပြီမို့ အပ်ကိုအသာဖြုတ်ပေးတာတောင် တုပ်တုပ်မလှုပ်တဲ့ ဝက်ဖြူလေး...

သူ့မျက်နှာမြင်နေရတဲ့တချိန်လုံး သူ့ထက်မသာရင်တောင် သူ့ထက်မလျော့တဲ့အချစ်မျိုးနဲ့သူ့ကိုချစ်ပါတယ်လို့ တဖွဖွပြောနေမိတာကစိတ်ထဲက...

ပြီးတော့ အဲ့လိုချစ်တယ်ဆိုတာကို သူ့ကိုသက်သေပြချင်စိတ်ကလဲ ထိန်းမနိုင်သိမ်းမရ...

ဒါပေမဲ့ ဘာနဲ့သက်သေပြရမလဲဆိုတာ ခေါင်းထဲကဘာမှထွက်မလာသေး...

ပြီးတော့မြင်တိုင်းစိတ်မကောင်းခြင်းနဲ့ကြည်နူးခြင်းကြားထဲ ရူးနေအောင်ခံစားမိစေတဲ့ ဒီရင်ဘတ်ကအမှတ်အသားလေးကို ငုံ့နမ်းရတာလဲ မရေမတွက်နိုင်...

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now