🖤အနှိုင်းမဲ့♥

1K 137 87
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤အနှိုင်းမဲ့♥

မေတ္တာတရားသည် နှိုင်းယှဥ်ခြင်းကင်းမဲ့သော ရပ်ဝန်းတွင်သာ ရှိသည့်အရာဖြစ်သည်....

🖤♥🖤♥

အေးစက်စက်သော့လေးတစ်ချောင်းကို တင်းကြပ်စွာဆုပ်ကိုင်ရင်း ဆေးရုံကဆရာဝန်တွေရဲ့ lockerတွေရှိတဲ့နေရာဆီ တလှမ်းချင်း လျှောက်လာမိသည်။

ခွင့်ပြုချက်မနည်းတောင်းပြီးမှအန်ကယ်Nonက ပေးလိုက်တဲ့သော့လေးမို့ ကျွန်တော့်မှာ ရင်တွေတုန်ခြေတွေလက်တွေပါ တုန်နေပြီ။

မနက်ပိုင်းပဲမို့ ကိုယ်သွားနေတဲ့လျှောက်လမ်းကတော့ လူသူကင်းရှင်းနေပြီး ကိုယ့်ခြေသံနဲ့ကိုယ့်အရိပ်ကပဲ ပြန်ခြောက်ခြားချင်စရာ အခြေအနေမျိုး....

တကယ်ကို ကျွန်တော်သိဖို့လိုအပ်နေလို့သာ ခုလိုဆုံးဖြတ်ရတာပါ။

ကျွန်တော်ပေးမဲ့လက်ဆောင်ဟာ လက်ဆောင်သက်သက်ထက် ကျွန်တော့်ရဲ့ဖြစ်တည်မှုကို သက်သေပြချင်တာမျိုးမို့လို့ပါ။

တကယ်ဆိုကျွန်တော်ဟာ ဥပေက္ခာ ပုံစံနဲ့သာ Noနဲ့ Khunဆိုတဲ့လူသားတွေကိုခွင့်လွှတ်ပြီး ဒီနှလုံးသားကိုလက်ခံပေးခဲ့တာပါ။

အရာအားလုံးက ကိုကို့ကိုချစ်တဲ့စိတ်နဲ့ပါ။

လျှောက်လာရင်းနဲ့ lockerတွေရှေ့ရောက်လာလို့ နာမည်ရှာကြည့်တော့ Dr.Khunဆိုတဲ့ စာတန်းလေးနဲ့ lockerလေးတစ်ခုက ကိုယ့်ရှေ့နားမှာ....

အသက်ဝဝရှူသွင်းပြီး lockerတံခါးကသော့ပေါက်ထဲ သော့ထိုးထည့်ပြီး လှည့်ဖွင့်လိုက်တော့ ဂျလောက်ခနဲ မြည်သံကတင် အတိတ်ကနာကျင်မှုတံခါး ပြန်ပွင့်သွားသလိုမျိုး။

တံခါးကိုဆွဲဖွင့်ပြီး အထဲကိုကြည့်လိုက်တော့ သူ့ဆရာဝန်အသုံးအဆောင်တချို့နဲ့ စာရွက်စာတမ်းတချို့က စီစီရီရီပုံစံမပျက်ရှိနေသေးသည်။

အားနာပါးနာနဲ့ပဲ မှိုနံ့ထွက်နေတဲ့ပစ္စည်းတွေကြားထဲ လက်ထိုးထည့်ရင်း ကိုယ်လိုချင်တဲ့အရာနဲ့အနီးစပ်ဆုံးဖြစ်နိုင်မည့်အရာကို လှန်လှောရှာဖွေတော့ အညိုရောင်သားရေကျက်ထားတဲ့လက်တစ်ဝါးခန့်စာအုပ်လေးတစ်အုပ်ထွက်လာသည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now