Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤 Don't cry ❤️
တွဲတဲ့လက်တွေမြဲနေမှာမို့ မျက်ရည်မကျကြေး baby...🖤
🖤❤️🖤❤️
တနေကုန် ခံစားချက်ပေါင်းစုံနဲ့ ခြေကုန်လက်ပန်းကျသွားတဲ့ baby ဟာ အခုဆိုရင် အိပ်ပျော်နေတာ နာရီတော်တော်ကြာနေပြီ။
နေ့ခင်း ရေမိုးချိုးထမင်းစားပြီးတည်းက အိပ်ပျော်သွားတာ အခု ညနေ ရောက်နေပြီ။
ဘယ်လိုပဲ ကလိနေနေ နမ်းနေနေ လောကကြီးနဲ့ အဆက်ပြတ်နေသလိုမျိုးကို အိပ်နေလေတော့ သူ့ကိုကြည့်ပြီးသနားလွန်းရသည်။
ရှေ့ဆက်ဘာတွေဖြစ်လာမယ်မှန်းမရပေမဲ့ တစ်ခုတော့သူ့ကိုမသိစေချင်တာရှိသေးတာမို့ စိတ်ကအဲ့ဒါကိုလုပ်ရကောင်းမလား မကောင်းဘူးလား တွေးနေမိဆဲပါ။
ကျွန်တော်ဆေးတွေသောက်နေရတယ်ဆိုတဲ့ကိစ္စတော့ သူ့ကိုလုံးဝမသိစေချင်ဘူးလေ။
ချစ်တယ်လို့ပဲ ပြောနိုင်ပြီး လက်တွေ့သူနာကျင်ရမှာကို အပြည့်အဝမကာကွယ်ပေးနိုင်တော့ စိတ်ထဲကမကောင်း။
သက်ပြင်းတွေပဲ ကြိတ်ချရင်း သောကမီးခိုးတွေအူနေတာက ကိုယ်တစ်ယောက်တည်း။
လှုပ်ရှားမှုတစ်ချို့နဲ့ ဘေးက ကလေးဆိုးလေးက နိုးလာတော့ ကိုယ့်ခံစားချက်တွေ ခြေရာလက်ရာမကျန်အောင်ထုပ်သိမ်းရတာက အမော။
🖤နိုးပြီလား အိပ်ပုပ်ကလေး
❤️ အင်းးးးးးး အိပ်လို့ကောင်းလိုက်တာ ကိုကိုရာ
🖤 အိပ်ရေးဝရင် ပြီးတာပါပဲဗျာ
သူ့ဆံပင်ပျော့အိအိလေးတွေကို ဆွဲဖွဆော့ရင်း ဦးတည်ချက်မဲ့ အပြင်ကိုငေးတော့ ကျွန်တော့်လက်ကိုဆွဲပြီး လက်ညှိုးကို သူ့ရှေ့သွားလေးတွေနဲ့ ဖိကြိတ်ကိုက်ခဲထားခြင်း ခံလိုက်ရသည်။
🖤 ဟာ ခွေးလေး ကိုက်တယ် ကြည့်စမ်း
သူ့ကိုပြောတော့ ဟီးခနဲ ရယ်ပြပြီး လှဲနေရာကနေထကာ ပေါင်ပေါ်ခွတက်လာပြန်ပြီ။
❤️ ကိုကို
ခေါ်သံကိုက ကြက်သီးထစရာလေး.....
KAMU SEDANG MEMBACA
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
Fiksi PenggemarFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း