🖤Coffee Love-10❤️

1K 144 60
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-10❤️

တိမ်တွေမရှိလဲ ကိုယ့်နာကျင်မှုကို အရည်ညှစ်ထုတ်ရင် ရေငွေ့နည်းနည်းလောက်တော့ရတယ်လေ

မသေရုံတမယ် ချစ်ခြင်းမေတ္တာဆိုတာ ဒါမျိုးပေါ့...

🖤❤️🖤❤️

ပြင်းရှပူလောင်သော နေရောင်အောက်မှာ ကိုယ့်အရိပ်ကိုအဖော်ပြုရင်း ရောက်လာမိတာက Saint နဲ့တွေ့ခဲ့တဲ့ မြစ်ကမ်းပါး....

ဘဝတစ်ခုလုံး နာကျင်ပူလောင်ခြင်းနဲ့ ကန္တာရအငွေ့အသက်ဖုံးလွှမ်းနေချိန်မှာ နှလုံးသားကတော့ အေးခဲထုံကျင်နေပြီ။

ကောင်းကင်ကြီးကို မော့ကြည့်တော့လဲ ဖက်တွယ်လွင့်မျောစရာ တိမ်က တမျှင်တစတောင်မရှိ။

ခပ်ယဲ့ယဲ့ပြုံးရင်း ခုံတန်းမှာဝင်ထိုင်ကာ မျက်လုံးတွေမှိတ်ထားလိုက်တော့ မြစ်ပြင်ကိုဖြတ်တိုက်လာတဲ့လေကလဲ အပူငွေ့တွေနဲ့ပြည့်လို့။

တွေးကြည့်ရင် ငိုချင်စရာ မကောင်းခြင်းတွေနဲ့ပဲ ပြည့်နေတယ်ဆိုပေမဲ့ ရယ်ချင်စရာလဲကောင်းသား။

လက်မလွှတ်ပဲ ဖက်တွယ်ထားသမျှက နာကျင်စရာတွေချည်းပဲဆိုတော့ ခုလိုခံစားရတာကထူးဆန်းနေတာလဲဟုတ်မှမဟုတ်တာပဲ။

သွေးပျက်နေသလို ကိုယ့်စိတ်ကိုခပ်လှောင်လှောင်ရယ်ပစ်ရင်း ​မြေပြင်နဲ့ရှပ်တိုက်နေတဲ့ ခြေထောက်ကိုရှေ့နောက်လွှဲယမ်းလိုက်တော့ မနူးညံ့တဲ့ကြမ်းရှရှအထိအတွေ့​ကိုခံစားရသည်။

ငုံ့ကြည့်လိုက်တော့ အစိမ်းရင့်ရောင် မြက်ပင်တွေ...

မြင်နေရတဲ့ဖုန်မှုန့်တွေနဲ့ရောယှက်နေတဲ့ မြက်ပင်စိမ်းရင့်ရင့်ကိုပဲ ဇက်ကျိုးကျမတတ် စိုက်ကြည့်ရင်း မြင်လွှာထဲမှာလဲ အစိမ်းရောင်ကလွဲလို့ ဗလာ

စိတ်ထဲမှာလဲ အစိမ်းရောင်ကလွဲလို့ ဗလာ....

ဗလာစိတ်နဲ့ ခေါင်းမော့လိုက်ရင်း စိတ်နဲ့ခန္ဓာပြန်တွဲစပ်လိုက်တော့ အခုလက်ရှိမှာကိုယ်ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိလိုက်ရပြီ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now