Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-24❤️
🖤❤️🖤❤️
နွေးထွေးနေပေမဲ့ အသက်ရှူရခက်နေတာကြောင့် မျက်လုံးတွေမဖွင့်ချင်ပဲ ဖွင့်လိုက်ရပြီ။
မအိပ်ခင်ကလောက် ကိုယ်ပူရှိန်မများတော့ပေမဲ့ လူကနုံးပြီးမလှုပ်ချင် နှာစေးနေလေတော့ အသက်ရှူကမဝ ချောင်းကဆိုးနဲ့ အဆင်မပြေမှုပေါင်းများစွာနဲ့ပဲ နိုးလာခဲ့ပြီ။
မလှုပ်ချင်ရတဲ့ကြား အရေးထဲမှ အရာပေါ်ဆိုသလို သေးပေါက်ချင်တာကလဲ အခုပဲထွက်ကျတော့မဲ့အတိုင်း။
ထွေးပိုက်ထားတဲ့လက်ပိုင်ရှင်ကို မော့ကြည့်တော့လဲ မှိတ်ထားတဲ့မျက်ဝန်းအစုံဟာ ညို့မှောင်နေတဲ့ အနားသတ်တို့ဖြင့် ဝန်းရံနေလေတော့မနှိုးရက်တော့။
သူ့ရင်ခွင်နဲ့ ကပ်နေတဲ့လက်ကိုအသာလေးလှုပ်ပြီး သူ့မျက်နှာကိုတို့ထိရင်း ဘာတွေများပင်ပန်းနေသလဲလို့တွေးမိသည်။
ကျွန်တော့်ကြောင့်ပဲနေမှာပါ ကျွန်တော်ဖြစ်ချင်သမျှလုပ်ချင်သမျှကို လိုက်လျောပြီးမသိချင်ယောင်ဆောင်နေရတာ သူပင်ပန်းနေမှာပေါ့။
သူ့နှာခေါင်းထိပ်က မှဲ့ပိစိလေးကိုတို့ထိရင်း သူကကျွန်တော့်ဘေးမှာဆိုတဲ့အသိကို နှလုံးသွင်းပြီး ကိုယ့်စိုးရိမ်မှုကိုဖြေချနေရတာကလဲ လူမသိသူမသိပါပဲ။
သူကျွန်တော့်ကို သူ့လက်တွေနဲ့ထွေးပွေ့ပေးထားတယ်ဆိုတဲ့အသိနဲ့ ကျေကျေနပ်နပ်ကြီးပြုံးရင်း မလွန်ဆန်နိုင်တော့တဲ့ကိစ္စကို ဖြေရှင်းဖို့ ကြိုးစားရတော့သည်။
ဖက်ထားတဲ့သူ့လက်ထဲကနေ အသာလေးရုန်းထွက်ပြီး လက်က ဆေးသွင်းထားတဲ့အပ်ကိုဖြုတ်ကာကုတင်ပေါ်ကနေ အပြေးတစ်ပိုင်း အိမ်သာထဲဝင်ပြေးရတာလေ။
လူက မူးတူးယိုင်တိုင်နဲ့ ကိစ္စဝိစ္စဖြေရှင်းပြီးလို့ ထွက်လာတော့ အပြင်လောကက ရောင်နီလေးတောင်ပျိုးနေပြီ။
နှာခေါင်းပိတ်နေတော့ အသက်ရှူမဝတာရယ် မနက်ခင်းလေလေးနည်းနည်းလောက်ရှူလိုက်ရရင် လန်းသွားမှာပဲဆိုတဲ့အတွေးရယ်ပေါင်းပြီး မှန်တံခါးလေးအသာတွန်းဖွင့်ကာ ဝရန်တာကို ထွက်ရပ်လိုက်သည်။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း