Unicode
🖤Theories of LOVE❤️
🖤Season-3❤️
🖤A Million Dreams-5❤️
ရေငတ်တဲ့ခံစားချက်ကြောင့် လူကနိုးလာပေမဲ့လှုပ်မရ။ သူ့ရင်ခွင်ထဲရောက်နေလို့ ထမရတာသိပေမဲ့ အခုဟာက ကျွန်တော့်ဟာကျွန်တော်လှုပ်လို့ကိုမရတာ။ မနေ့ညကသူ့ကိုရစ်ချင်လို့ နည်းနည်းလေးသောက်လိုက်ပြီးနောက်ပိုင်း ဘာမှရေရေရာရာ မမှတ်မိတော့။
ခေါင်းတွေကိုက် ရေတွေငတ်ပြီး တစ်ကိုယ်လုံးနာကျင်နေတည်းက ဒင်းလက်စာမိသွားတာတော့တွေးကြည့်စရာမလိုပဲ သိလိုက်ပါပြီ။
ပြီးတော့ဒီတစ်ခါဘာမှလဲမလုပ်ပေးထားပဲ ဒီတိုင်းအိပ်တဲ့ ညစ်ပတ်အိုးကြီး။ အနည်းဆုံးတော့ခြေလက်ဆေးသန့်စင်ပြီးမှ အင်္ကျီလေးလဲပြီးအိပ်ရမှာပေါ့။ ခုဒီပုံစံနဲ့သေလောက်အောင်ပင်ပန်းပေမဲ့ အိပ်လို့ကပျော်မှာမဟုတ်။ မလှုပ်နိုင်လို့ သူ့နှိုးပြီးလုပ်ခိုင်းရအောင်ကလဲ ဒီတစ်ခါဘယ်လောက်တောင်ရှက်စရာကောင်းသလဲ။ ကိုယ့်ဘက်ကစမိတာပဲမဟုတ်လား။
ကိုယ့်ဘာသာရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဖက်ထားတဲ့သူ့လက်ကိုရှိစုမဲ့စုအားနဲ့အတင်းဖယ်ချပြီး အိပ်ရာကနေအသာလေးထရသည်။ ကုတင်ပေါ်ကနေခြေချမိတာနဲ့ သေအောင်နာသလို နာတာနဲ့တန်အောင်လဲ သူ့ကိုလည်ပင်းညှစ်ပစ်လိုက်သည်။ စိတ်ကူးထဲမှာပြောပါတယ် တကယ်ထညှစ်ရင် ဒင်းနိုးလာမှာပေါ့။
အရှက်မကွဲချင်စိတ်နဲ့အားတင်းပြီးရေချိုးခန်းထဲဝင်ပြီး မထူးဇာတ်ခင်းကာရေပါချိုးပစ်လိုက်ရုံမက သွားတိုက်မျက်နှာသစ်ပါတစ်ခါတည်းလုပ်ပစ်လိုက်သည်။ ခုနက နာရီကြည့်ခဲ့တုံးက မနက် ၄နာရီထိုးပြီးနေပြီမို့လို့လေ။ ကိစ္စဝိစ္စပြီးတော့ အဝတ်လဲခန်းထဲသွား ညအိပ်ဝတ်စုံလေးထုတ်ဝတ်ပြီး ရေတွေဘာတွေသောက်ကာ ဟန်မပျက်ပဲ အိပ်ရာပေါ်ပြန်လှဲအိပ်နေလိုက်သည်။ ဒါပေမဲ့ သူ့ရင်ခွင်ထဲမှာတော့မဟုတ်ပါဘူး။ မီးသွေးခဲ ဝက်ဝံကြီးကိုအကာအကွယ်ယူပြီး မျက်နှာဖွက်အိပ်ရတာပါ။ မိုးလင်းတာနဲ့ သူနဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိသလို ညကကိုယ်မူးပြီးသူ့ကိုဘာတွေပြောထားမိမှန်းလဲမသိတာတွေကြောင့် ခုကိုမျက်နှာကပူနေပြီ။ မျက်နှာပူရင်းနဲ့ပဲ ချမ်းစိမ့်စိမ့်ဖြစ်လာလို့ စောင်ခေါင်းမြီးခြုံပြီးအိပ်ပစ်လိုက်တော့သည်။ မနက်မိုးလင်းလို့ နိုးလာတဲ့အခါ ကိုက်ိုမစပါစေနဲ့ ဘုရား။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း