(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-21♥
Peace>>>???
🖤♥🖤♥
ပြိုလဲကျခြင်းရဲ့ သကေႅတက သူ့နှလုံးသားမှာရော ကျွန်တော့်နှလုံးသားမှာပါ နေရာယူထားပြီမို့ အပြစ်ဘယ်သူ့တင်ရပါ့။
ဘယ်သူမပြု မိမိမှုလို့ နှလုံးသွင်းလိုက်တော့ အသိစိတ်က ဟိုးတွင်းနက်နက်ထဲကနေ ရုန်းမထွက်ချင်တော့။
နှလုံးသားက ယိုင်နဲ့နေပေမဲ့ အတ္တဒေါက်တိုင်တွေက ခိုင်လွန်းနေတော့ ကိုယ့်စိတ်ကိုဘယ်လိုရိုက်ချိုးပစ်ရမလဲ။
မတတ်သာတာတွေ ငြင်းပယ်မရတာတွေ ဒါတွေကို ကံကြမ္မာလို့ပြောပြီး လှည့်ပြေးရအောင်လဲ ကျွန်တော့်ဘဝလားရာတိုင်းမှာ မှန်ချပ်တွေကအပြည့်....
တကမ္ဘာလုံးကိုလိမ်ညာပြေးပုန်းလို့ရပါစေဦး...
ကျွန်တော့်ကမ္ဘာမှာတော့ မလုံမလဲရခြင်းတွေက ထိုးဖောက်ထားလို့ ပေါက်ပြဲနေတဲ့အသိစိတ်တွေနဲ့ ဘယ်မှာလာပြီး လိမ်ညာလို့ရမှာတဲ့လဲ....
ကျွန်တော်အခုတကယ်ငြိမ်းချမ်းချင်နေပြီ။
ဒါပေမဲ့ ခုလောလောဆယ်တော့ဘာဆက်လုပ်ရမယ်မသိ။
အားတင်းပြီး ကြမ်းပေါ်ကနေထ မတ်တပ်ရပ်ပြီး အိမ်အောက်ထပ်ဆင်းခဲ့ပြီး P'Chen ကိုလိုက်ရှာမိတော့ အောက်မှာဖေဖေနဲ့တူတူ ကလေးဝိုင်းထိန်းပေးနေတာတွေ့ရသည်။
♥ P'Chen....ကျွန်တော့်ကို အပြင်လိုက်ပို့ပေးပါလား....
ကျွန်တော့်စကားကြောင့် ဖေဖေကကျွန်တော့်ကိုကြည့်ရင်းပြောလာသည်က....
" ခုနလေးကပဲ ဆေးရုံကပြန်ရောက်တာကို ဘယ်သွားချင်လို့လဲ သားရယ်....နားပါဦး အိမ်မှာ...."
♥ သား P'Mayဆီ သွားချင်လို့ပါ ဖေဖေ......သားစကားပြောချင်တာလေးရှိလို့ပါ....ဘာမှမဖြစ်စေရပါဘူး နော်..
စိတ်အားထက်သန်နေတဲ့ ကျွန်တော့်ရဲ့ဟန်ပန်ကြောင့် ဖေဖေလဲ မတားသာတော့။
" ကောင်းပြီလေ သား စောစောပြန်လာနော်....."
♥ ဟုတ် ဖေဖေ......
ESTÁS LEYENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း