🖤Part-7♥

1.2K 148 126
                                    

Unicode..

🖤Theories of LOVE♥

🖤Season-3♥

🖤Summer Love♥

🖤Part-7♥

ကိုယ်က နေတစ်စင်းဆိုပါစို့...

အမြဲမလင်းနိုင်ပေမဲ့ အချစ်တွေကို မင်းဆီပို့ပေးမယ်....

အဲ့အချစ်တွေနဲ့ ညဘက်တွေမှာ လတစ်စင်းအဖြစ်လင်းပေါ့ အချစ်ရယ်....

🖤♥🖤♥

ပူနွေးနေတဲ့သူ့လက်လေးတစ်ဖက်ကို ပါးပြင်မှာကပ်ရင်း မှန်ချပ်အပြင်က လောကကိုငေးတော့ လရောင်ဖွေးဖွေးက ဖြာလို့...

ဘာလိုလိုနဲ့ ည၁၂ ကျော်ပြီဆိုတော့ လပြည့်နေ့ကိုရောက်ပြီပဲ....

နေဝင်ချိန်တွေအတွက် ထားခဲ့ဖူးတဲ့သစ္စာကိုသတိရမိတော့ ညဘက်သာနေတဲ့ လမင်းအတွက်ရော ဘယ်လိုခံစားချက်တွေရှိနိုင်မလဲလို့ တွေးနေမိသည်....

အချိန်တွေမတူပေမဲ့ အလင်းတွေဆက်သွယ်နေကြတဲ့ သဘာဝက တကယ်လှတာပါ....

နေလုံးကြီးကလဲ တနေကုန်မလင်းနိုင်သလို လမင်းကြီးကလဲ အမြဲမသာနိုင်ဘူးလေ....

သူ့အချိန်နဲ့သူလင်းလက်ကြပေမဲ့ သူတို့ရဲ့အလင်းတွေကတော့ အတူတူပဲမဟုတ်လား...

သူနဲ့ကျွန်တော်ကရော...

ဘယ်သူကနေမင်း ဘယ်သူကလမင်းရယ်လို့ ခွဲခြားမတွေးချင်ပါဘူး....

လူတိုင်းဘဝမှာမှောင်မိုက်ခြင်းတွေနဲ့ကြုံဖူးတာပဲမို့ ကျွန်တော့်ရဲ့အမှောင်ကမ္ဘာအတွက် သူက နေမင်းဖြစ်သလို သူ့ရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာလဲ ကျွန်တော့်အချစ်တွေနဲ့လင်းစေခဲ့သည်ပဲမဟုတ်လား...

အဓိက က သူနဲ့ ကျွန်တော့်ရဲ့အချစ်တွေက ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အမြဲလင်းနေဖို့ပဲ မဟုတ်လား....

လရောင်အောက်မှာ အတွေးတွေကူးခတ်နေတုံး တံခါးဖွင့်သံနဲ့အတူ အန်ကယ်ဝင်လာတာမြင်ရသည်...

ညဂျူတီပြီးလို့ လာကြည့်တာထင်ပါရဲ့...

ကျွန်တော့်နားလာရပ်ရင်း baby နဖူးလေးကိုစမ်းရင်း သက်ပြင်းချတာမြင်ရတော့ ကျွန်တော့်မှာစိုးရိမ်စိတ်က တောက်လောင်ရပြန်ပြီ...

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now