🖤Coffee Love-7❤️

943 128 82
                                    

(Unicode)

🖤Theories of LOVE❤️

🖤Season-3❤️

🖤 Coffee Love -7❤️

☕️သူသည် ကျွန်မအတွက် စာအုပ်တစ်အုပ်ဆိုပေမဲ့ ကျွန်မက သူ့အတွက် စာမျက်နှာတစ်ခုမျှသာ....

🖤❤️🖤❤️

အိမ်ပြန်နေတဲ့ တလမ်းလုံး စိတ်ထဲမှာနင့်နင့်သီးသီးခံစားနေရတာက မေမေ့ကိုလွမ်းရခြင်းပါပဲ။

ကိုယ်တစ်ယောက်တည်းပိုင်ဆိုင်ချင်တဲ့ အတ္တတွေနဲ့ ကျွန်တော်မိန်းမသားတစ်ဦးကို ခုလိုလုပ်ခဲ့တာ တရားလား မတရားဘူးလား မသိတော့ပါဘူး။

ခုချိန်မှာ မေမေသာရှိနေခဲ့ရင် စိတ်နှလုံး အေးချမ်းလှတဲ့မေမေဟာ ခုထက်ပိုကောင်းတဲ့လမ်းကို ရွေးချယ်ပေးနိုင်မှာပါ။

ယောကျာ်းလေးတစ်ယောက်အနေနဲ့ ချစ်ရသူကို မဆုံးရှုံးချင်စိတ်နဲ့ ဆုံးဖြတ်ခဲ့သမျှက စင်းလုံးချောနေမှာမဟုတ်ပါဘူး။

အိမ်ပြန်ရောက်လို့ ကားပေါ်ကဆင်းပြီးတာနဲ့ အခန်းထဲဝင် အိတ်ကိုနေရာတကျထား အဝတ်လဲပြီးတော့ ဖေဖေ့ကိုလိုက်ရှာရသည်။

ကလေးတွေနဲ့ရှိနေမလားလို့ ကလေးတွေအခန်းထဲဝင်ကြည့်တော့ သိုးနေအောင်အိပ်နေတဲ့ကလေးတွေအနားမှာ P'Chen ကိုပဲ တွေ့ရသည်။

❤️ P'ဖေဖေဘယ်မှာလဲဟင်

" ခြံထဲရှိမယ်ထင်တယ် အကိုလေး"

❤️ အင်း သွားရှာလိုက်ပါဦးမယ်

ခြံထဲဆင်းပြီးရှာတော့မတွေ့တာမို့ လိပ်ပြာရေကန်ဘက်ရှိမလားလို့သွားကြည့်တော့ ရေကန်တွေထဲ ရေလိုက်ဖြည့်ပေးနေတဲ့ ဖေဖေ့ကိုတွေ့ရသည်။

❤️ ဖေဖေ

ကျွန်တော့်အသံကြောင့် ရေထည့်ရင်းတန်းလန်းနဲ့ တစ်ချက်လှည့်ကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေလေတော့ နောက်ကနေပဲပြေးဖက်လိုက်တော့သည်။

ဖေဖေ့ကို ဖက်မိကာမှ မေမေ့ကိုသတိရစိတ်က ပိုဆိုးလာသလားမသိပဲ ငိုမိတော့သည်။

တစ်ချိန်လုံး နာကျင်စရာခံစားချက်တွေထမ်းပိုးပြီး ဘာမှမဖြစ်သလို Lizရှေ့မှာနေခဲ့ရတာလဲ ပါမှာပါ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now