🖤Part-10♥

1.1K 151 99
                                    

(Unicode)

🖤Theories of LOVE♥

🖤Season-3♥

🖤Summer Love♥

🖤Part-10♥

ရှားပါးခြင်း နှင့် စစ်မှန်ခြင်းတွင် ကျွန်ုပ်တို့၏ အချစ်သာ တည်၏🖤♥

🖤♥🖤♥

မနက်မိုးလင်းနိုးတည်းက ဒီတစ်နေ့တာဖြတ်ကျော်ဖို့ကို baby နဲ့ ကျွန်တော် ခေါင်းချင်းဆိုင် ဆွေးနွေးနေကြရပြီ...

မနေ့က တစ်ညတာအဆင်ပြေခဲ့ပေမဲ့ ဒီတရက်တာအတွက်တော့ သားနဲ့သမီးက ကျွန်တော်တို့ကိုမတွေ့ရရင် ဘယ်လိုမှအဆင်ပြေနိုင်တော့မှာမဟုတ်ဘူးလေ...

🖤 ဒီနေ့တော့ ခေါ်လိုက်ပါ baby ရယ်...

အန်ကယ်က နက်ဖြန်မှဆေးရုံကပေးဆင်းမယ်လို့ ခုနကပဲပြောသွားတာလေ...

သူ့လက်လေးကိုဆုပ်ကိုင်ရင်းချော့မော့ပြောတော့ မသက်မသာမျက်နှာလေးကြောင့် ကျွန်တော်လဲစိတ်မချမ်းသာလှ....

♥အဆင်ပြေမှာလား....

ကျွန်တော့်ကိုကြည့်ရင်း အဆင်ပြေမှာလားလို့ မျှော်လင့်တကြီးမေးလေတော့ နှစ်သိမ့်ဖို့မှတပါး အခြားမရှိပေါ့...

🖤 ကိုကိုတို့ကိုတွေ့ရရုံနဲ့တင် သူတို့ပျော်နေမှာပါbabyရဲ့....

အခုတောင် baby နေကောင်းနေပြီပဲဟာ တနေကုန်က်ိုကိုတို့နဲ့တူတူနေရရင် သူတို့လဲကျေနပ်သွားမှာပေါ့...

အဓိကကိုပဲတွေး baby လွမ်းနေတယ်မှတ်လား....

♥အင်း....

🖤အဲ့ဒါဆိုရပြီ ကျန်တာမလိုဘူး....
ကိုကိုဖုန်းဆက်ပြီး ဖေဖေ့ကိုခေါ်လာဖို့ပြောလိုက်တော့မယ်နော်....

အခုမှပဲ သူ့မျက်နှာက ပြုံးရွှင်လာတော့သည်...

ကလေးတွေအတွက်ဆို ပိစိလေးကအစ စိုးရိမ်ပူပန်တတ်သော ကလေးအဖေပေါက်စလေး....

သည်းသည်းလှုပ် အကဲပိုသော ကလေးအဖေပေါက်စလေး....

အသည်းယားလို့သူ့ဆံပင်ဆွဲဖွတော့ ဖြန်းကနဲ အရိုက်ခံလိုက်ရသေးသည်...

ဒီလောက်ဆို နက်ဖြန်ဆေးရုံက ဆင်းလို့ရနေပါပြီ....

ဖေဖေတို့ဆီဖုန်းခေါ်ပြီး ကလေးတွေခေါ်လာဖို့ပြောတော့ ဖေဖေလဲဝမ်းသာသွားရှာသည်...

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersOù les histoires vivent. Découvrez maintenant