🖤Coffee Love-8❤️

845 129 48
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Coffee Love-8 ❤️

နာကျင်ခြင်းကိုဘာနဲ့တိုင်းတာသလဲ

ပေးဆပ်ခြင်းဖြင့်လား စွန့်လွှတ်ခြင်းဖြင့်လား

သို့တည်းမဟုတ်????

🖤❤️🖤❤️

Saint's POV❤️❤️❤️

သင်တန်းကနေ ကားထဲဝင်ထိုင်ပြီးတည်းက လူကနေလို့သိပ်မကောင်း။

Liz များကိုကို့ကို မမြင်ကွယ်ရာကနေကြည့်နေမလား ဒါမှမဟုတ် နောက်ကနေများ လိုက်လာလေမလားနဲ့ လူကစိုးရိမ်ရင်း ခေါင်းတွေတောင်မူးလာသလိုပင်။

ကိုကိုကတော့ အရိပ်တကြည့်ကြည့်နဲ့မို့ သူ့ကိုလိုတာထက်ပိုစိတ်မပူစေချင်တာကြောင့် ဟန်မပျက်ပဲ ငြိမ်နေလိုက်တော့သည်။

ဆေးရုံကိုရောက်လို့ ကားပေါ်ကဆင်းတော့ လူကအထဲမဝင်ချင်သေးတာထက် သူမများ လိုက်လာလေမလားစိတ်နဲ့ ဘေးဘီကိုအကဲခတ်ဖို့ ချက်ချင်းမဝင်သေးပဲ မျက်နှာကို စူပုပ်ထားလိုက်တော့ ကိုကို့ မှာ မျက်နှာငယ်နဲ့ကျွန်တော့်ကိုချော့တော့သည်။

🖤 baby လာလေ

ပုခုံးကို တယုတယဖက်ရင်း ကလေးချော့သလို ချော့ခေါ်နေတဲ့ ကိုကို့ကိုကြည့်ရင်း စိတ်ကအားနာရပေမဲ့ မျက်လုံးကတော့ မသိမသာ နောက်ကိုကြည့်နေရသည်။

🖤 baby မျက်နှာကြီးကလဲ စူပုပ်နေတာပဲလာပါကွာ ကိုကိုရှိနေတာပဲကို နော်

❤️ ကိုကို baby ဘေးမှာရှိနေနော်

🖤 အော် ကိုကိုကတိပေးပြီးသားပါ babyရယ် baby က မနေနဲ့ သွားလို့ နှင်ထုတ်တောင်မသွားဘူး သိရဲ့လား
လာပါ ကလေးလေးက လိမ္မာတယ်

အတင်းပုခုံးဖက်ပြီးဆွဲခေါ်နေတော့ မလူးသာမရုန်းသာနဲ့ သူခေါ်ရာလိုက်သွားရချိန်မှာ မျက်လုံးက ကျွန်တော်တို့နောက်မလှမ်းမကမ်းမှာ လူတွေကြားရောနှောနေတဲ့ မျက်နှာမှာMaskတပ်ထားတဲ့ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

မြင်တာနဲ့ ရင်ထဲထိတ်ကနဲ ဖြစ်သွားတည်းက Lizမှန်း စိတ်ကသိလိုက်ပြီ။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now