🖤Chromatophilia-6❤️

960 139 140
                                    

Unicode

🖤Theories of LOVE❤️

🖤Season-3❤️

🖤Chromatophilia-6❤️

ရီဝေဝေနဲ့ မူးနောက်နေပြီး  အဝတ်လဲခန်းထဲထိုင်ရာမထပဲနေနေမိတာက ကိုကိုစိတ်ဆိုးပြီးထားသွားတည်းကဆို နည်းနည်းတောင်ကြာနေပြီ။

ကိုကို့အော်သံကြောင့် ညှိုးခဲ့ရတဲ့စိတ်ခံစားချက်က လူကိုရုတ်ချည်းမလှုပ်ချင်မသယ်ချင်အောင်ကို လုပ်ယူနိုင်စွမ်းရှိနေတာပါ။

ကလေးလေးမဟုတ်တော့ပေမဲ့ အရမ်းချစ်ရတဲ့လူရဲ့စိတ်ဆိုးဒေါသက ကျွန်တော့်ကိုဝမ်းပန်းတနည်းငိုကြွေးချင်စိတ်ပေါက်စေတာမျိုးပေါ့။အမှားကတော့ ကိုယ့်ဘက်ကပဲမဟုတ်လား။

"သားငယ် .....သားငယ်ရေ"

အသံကြားလို့ အခန်းတံခါးဆီလှမ်းကြည့်တော့ဖေဖေက တံခါးဖွင့်ဝင်လာနေပြီဖြစ်သည်။

" သားငယ် ဘာဖြစ်လို့ ဒီမှာထိုင်နေတာတုံး လာ ထ အဆာပြေစားရအောင်"

ဖေဖေက ကျွန်တော့်ကိုဖေးမထူပေးတော့ ဖေဖေ့ကိုမှီတွယ်ရင်း မတ်တပ်ထရပ်ချိန်မှာ စိတ်မကောင်းဖြစ်ရခြင်းက ပိုလို့ပင်တိုးရသည်။ မျှော်နေတာကတစ်ယောက် ရောက်လာတာကတစ်ယောက်မို့လို့လေ။

ဖေဖေနဲ့ အတူတူ အပြင်ထွက်လိုက်တော့ ကုတင်ဘေးက ဆိုဖာမှာ မနက်ခင်းအဆာပြေတစ်ချို့ကို လင်ဗန်းလေးနဲ့ထည့်ပေးထားတာတွေ့ရသည်။

" အစားလေးအရင်ဝင်အောင်စားဦးနော် ခဏနေ P'Non ရောက်လာလိမ့်မယ်"

❤️ အန်ကယ် Non လာမယ် ဟုတ်လား

" သား ကိုကိုက အကုန်စီစဥ်သွားတာလေ အလုပ်မသွားခင်အကုန်မှာသွားတာ အဆာပြေကျွေးပေးဖို့ ကလေးတွေနဲ့မဆော့ခိုင်းပဲ ကောင်းကောင်းအနားယူခိုင်းဖို့တို့ပေါ့ P'Nonကိုလဲ သူပဲဖုန်းဆက်ပြီး ​ခေါ်ထားတာ"

အရိပ်တစ်ခုလိုအမြဲရှိနေတဲ့ ဂရုစိုက်မှုတွေကြောင့် လူကဝမ်းနည်းဝမ်းသာခံစားမိရသလို သူစိတ်ဆိုးနေဆဲဖြစ်နေတာကို ခံစားရတော့လဲ နေမရထိုင်မရနဲ့ ငိုပဲငိုချင်မိနေတာမျိုး။

ဘာလို့ရယ်များ စိတ်အားကစွတ်ငယ်နေရပါလိမ့်။

ဆိုဖာမှာထိုင်ကာ နွားနို့သောက်မုန့်စားနေတာကိုဖေဖေကဘေးကနေထိုင်စောင့်ပေးရှာသည်။ စားလို့ပြီးတော့ ကုတင်ပေါ်တက်ထိုင်နေလိုက်ပြီး အန်ကယ့်အလာကိုထိုင်စောင့်ရသည်။

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersDonde viven las historias. Descúbrelo ahora