(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-17♥
Am I stronger? Am I perfect?...
🖤♥🖤♥
ရုပ်ရှင်ပိတ်ကားရှေ့မှာ ငုတ်တုတ်ထိုင်ပြီး ကိုယ့်ရဲ့ကြေမွခြင်းတွေကို မျက်ရည်စက်လက်နဲ့ထိုင်ကြည့်နေရတဲ့အခိုက်အတန့်....
အရူးတစ်ယောက်လို သူထားသွားခဲ့တဲ့နောက်မှာ ဖြစ်ပျက်နေတဲ့ကိုယ့်ရဲ့ပုံစံ....
ငရဲခံခဲ့ရတဲ့နေ့တွေညတွေ....
အိပ်မက်မှန်းသိနေပေမဲ့ရုန်းထွက်မရတဲ့စိတ်နဲ့ ကျွန်တော်နာနာကျင်ကျင်ငိုကြွေးနေရဆဲ....
မေ့ထားခဲ့ပေမဲ့ အမာရွတ်ကျန်နေခဲ့တဲ့စိတ္တဇဟာ ကူကယ်ရာမဲ့ပါပဲ။
ကိုယ့်အဖြစ်ကိုယ်ပြန်မြင်နေရချိန်မှာ တော်ကြပါတော့လို့အော်ဟစ်နေပေမဲ့ အသံကထွက်မလာခဲ့။
မျက်စိစုံမှိတ်ရင်း ဒီအခိုက်အတန့်ကနေလွတ်မြောက်လိုစိတ်နဲ့ကြိုးစားနေချိန်မှာ နားထဲတိုးဝင်လာတဲ့ ရယ်သံသဲ့သဲ့...
ထို ရယ်သံကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ပြီး ရှေ့တည့်တည့်ကိုကြည့်လိုက်တော့ ပိတ်ကားထက်မှာမြင်နေရတဲ့ပုံရိပ်တွေက ကျွန်တော်နဲ့ သူမ...
ဟုတ်တယ် baby မဟုတ်တဲ့ သူမ...
ရွှေအိုရောင်ဆံနွယ်လိပ်ခွေခွေလေးတွေနဲ့ အပြစ်ကင်းတဲ့ အပြုံးချိုချိုလေးနဲ့ ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင်း ပြုံးပြနေတဲ့သူမ....
ဟင့်အင်း ဆက်ကြည့်နေလို့မဖြစ်တော့ဘူး.....
ဒါဟာ ကျွန်တော်ကိုယ်တိုင်တောင်လက်မခံချင်တဲ့ ဘဝအစိတ်အပိုင်းမို့လို့....
Baby ဆီပဲ ပြန်ရမယ်....Baby ရေ....
ရုန်းမထွက်နိုင်ခဲ့သမျှဟာ သူမကိုမြင်ရုံနဲ့ ဘယ်လိုဖြစ်ကုန်မှန်းကိုမသိတော့...
ချက်ချင်းမတ်တပ်ထရပ်ပြီး ဦးတည်ရာမဲ့ပြေးလွှားရင်း ပါးစပ်ကလဲ baby ကို တကြော်ကြော်အော်ခေါ်နေမိရင်း
.
.
.
.
♥ ကိုကို......ကိုကို baby ဒီမှာရှိတယ်လေ.....ကိုကို ထပါဦး....
VOCÊ ESTÁ LENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanficFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း