(Unicode)
🖤Theories of LOVE♥
🖤Season-3♥
🖤Freedom-6♥
Always 🖤♥Forever
🖤♥🖤♥
သာနေတဲ့လရောင်က အပြာရောင်လိုက်ကာစတွေကိုထိုးခွင်းနေလေတော့ အခန်းထဲက ညအလင်းဟာ အာကာသထဲရောက်နေသလို ပြာရီမှိုင်းလို့....
အိပ်ရာပေါ်တည့်တည့် မျက်နှာကျက်က အပြာရောင်အနုမြူကြယ်လေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ တကယ့်ကောင်းကင်ပေါ်ကကြယ်တွေနဲ့ နီးနေသလိုမျိုးပါပဲ....
နှစ်ယောက်လုံးမအိပ်ကြသေးပဲ စကားတွေလဲမပြောဖြစ်ကြပဲ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်း ငြိမ်နေမိကြသည်....
အခန်းထဲပြန်ဝင်လာတည်းက babyက အိပ်ရာပေါ်မှာ ခွေခွေလေးနဲ့ တစ်ခုခုကိုအလေးအနက်စဥ်းစားနေဟန်ရှိတာမို့ ကိုယ်လဲသူ့ဘေးတိတ်တိတ်လေးဝင်လှဲပြီး သူ့လက်လေးကိုဆုပ်ကိုင်ထားမိတာပါ.....
P'နဲ့ သူ စကားပြောတာ အဆင်မှပြေရဲ့လား.....ဘာတွေများပြောဖြစ်ကြသလဲ....
သိချင်စိတ်ကမနေနိုင်မထိုင်နိုင်ဆိုပေမဲ့ သူ့စိတ်ကိုကျွန်တော့်ကြောင့်ပိုပြီး မရှုပ်စေချင်လို့ မျိုသိပ်နေရတာပါ.....
♥ကိုကို......
ရုတ်တရက်ခေါ်သံကြောင့် လန့်တောင်လန့်သွားရသည်...
🖤အင်.....ဟင် baby....
♥ကိုကို baby ကို ချစ်လား.....
🖤ချစ်တာပေါ့ babyရဲ့.....
♥အမြဲတမ်းရော မငြီးငွေ့ပဲနေနိုင်လား....
🖤 ငြီးငွေ့ခြင်းနဲ့ ကိုကို့ရဲ့အချစ်က ကမ္ဘာကြီးတစ်ခုလုံးခြားနေတာပါကွာ.....မယုံဘူးလား....
မယုံဘူးလားလို့မေးတော့ဘာမှမဖြေပဲ ရင်ခွင်ထဲအတင်းတိုးဝင်လာပြီး လူကိုပါဖက်ခေါင်းအုံးလို ခွထားသေး....
♥ အခု babyကို ဘာမှမမေးပါနဲ့ဦး ကိုကိုရယ်.....အချိန်တန်ရင်baby ပြောပြပါ့မယ်နော်.....
🖤 မယုံဘူး ယုံတယ်ဆိုတာလေးတောင် မပြောနိုင်တော့ဘူးလား babyရယ်....
♥ ဒီမှာကြည့် ကိုကို......
သူ့လက်သီးဆုပ်လေးကနေ လက်ဝါးလေးဖြန့်ထောင်ပြရင်း လက်မနဲ့လက်ညှိုးလေးကို ပြကာ
STAI LEGGENDO
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း