(Unicode)
🖤Theories of LOVE❤️
🖤Season-3❤️
🖤Coffee Love-2❤️
ခါးသီးခြင်းကဘာလဲလို့ အဖြေရှာနေကြတာလား...
စိတ်ထင်ရာအတိုင်းအရောင်ရင့်လို့ရပါတယ်..
ကျွန်မအတွက်ကတော့ ကော်ဖီစေ့ခပ်နက်နက်တွေနဲ့ ထောင့်တစ်နေရာမှာ အငွေ့ပျံနေရုံပါပဲ☕️
🖤❤️🖤❤️
ဒီနေ့ သင်တန်းစတက်ရမဲ့နေ့....
မိုးလင်းတည်းက တက်ကြွနေတဲ့ babyကိုကြည့်ပြီး ကျွန်တော်ပါသူနဲ့အတူ စိတ်လှုပ်ရှားနေသလိုခံစားရသည်။
သူ့ဘဝတစ်ဆစ်ချိုးအတွက် သူဖြစ်ချင်တဲ့ ဆန္ဒတွေအကောင်အထည်ဖော်ဖို့ ပထမခြေလှမ်းမို့လို့နေမှာပါ။
❤️ ကိုကို ခေါ်နေတာကို ဘာတွေတွေးနေတာတုံး...
Necktieချည်ပေးနေရင်းနဲ့ မေးနေတဲ့ ခပ်ပြုံးပြုံးနှုတ်ခမ်းလေးကို စူးစူးစိုက်စိုက်ကြည့်ရင်း အကြည့်တွေက ကျွန်တော့်ရှေ့ ခြေစုံရပ်နေတဲ့ သူ့ခြေဖမိုးဖွေးဖွေးပေါ်ရောက်သွားသည်။
ကြမ်းပေါ်ခင်းထားတဲ့ အနက်ရောင်သားမွှေးကော်ဇောပေါ်မှာ ဖွေးဥနေတဲ့ ခြေထောက်လေးက နှစ်လိုဖွယ်ရာခံစားမှုအဖြစ်ရင်ထဲတိုးဝင်လာပြန်ပြီ။
❤️ ဘာတွေငုံ့ကြည့်နေတာလဲ ကိုကိုရဲ့....
ကျွန်တော့်အကြည့်ကို နားလည်ရခက်စွာ မေးနေတဲ့ ချစ်ရတဲ့ကလေးလေးကို ခါးကနေဆွဲဖက် မြှောက်ချီလိုက်တော့ ကျွန်တော့်လည်ပင်းကိုဖက်ရင်း မျက်လုံးပြူးလေးနဲ့ကြည့်လို့။
ခါးကနေမြှောက်ချီထားရာကနေ ဖြည်းဖြည်းချင်းအောက်ကိုလျှောချပေးလိုက်တော့ သူ့ဖဝါးပြင်နုနုလေးဟာ ကျွန်တော့်ခြေဖမိုးပေါ်အလိုက်သင့်ကျလာသည်။
🖤 ကိုယ်ကိုဖော့မထားနဲ့လေ babyရဲ့ မတ်တပ်ရပ်လိုက်ပါ
ကျွန်တော်နာမှာစိုးလို့ ခြေချောင်းလေးတွေကုပ်ပြီး ကျွန်တော့်လည်ပင်းကို ဖက်တွယ်မှီခိုထားတာလေးက မြတ်နိုးခြင်းတွေပိုပိုတိုးစေတဲ့ သူ့စိတ်ထားကလေးပေါ့။
YOU ARE READING
🖤Theories of LOVE♥ 🖤Season-3♥ Final chapters
FanfictionFinal Chapters (သို့) ချစ်ခြင်းနိဗ္ဗာန်သို့သွားရာလမ်း