🖤A Million Dreams-15❤️

704 125 151
                                    

Unicode

🖤Theories Of LOVE❤️

🖤Season-3❤️

🖤A Million Dreams-15❤️

တုန်ယင်နေတဲ့လက်တွေနဲ့ ကြေမွနေတဲ့ခံစားချက်တွေနဲ့ ကျွန်တော်ဒီအပိုင်းအစလေးတွေကို ပြန်ဆက်စပ်နေခဲ့တာ ဘယ်သူမှမသိတဲ့ ဒီနေရာလေးမှာပါ။

သူကျွန်တော့်ကိုပေးသမျှ သက်ရှိသက်မဲ့အရာမှန်သမျှကို ကျွန်တော်မြတ်နိုးတန်ဖိုးထားစိတ်ကပဲ ခုလိုအဖြစ်တွေဆီတွန်းပို့ခဲ့တာထင်ပါတယ်။ အခုတော့ အပြစ်အားလုံးက ကျွန်တော့်ဆီမှာဖြစ်သလို ကိုကိုလဲ ကျွန်တော့်ကိုစိတ်ကုန်သွားပြီလားတောင်မသိပါဘူး။

စိတ်ကုန်သွားပြီလားမသိဘူးလို့ တွေးမိတော့ ခံစားချက်တွေဖိနင်းခံထားရတဲ့ ရင်ဘတ်တစ်ပြင်လုံးက အောင့်တက်လာတာ ဆိုးဆိုးရွားရွား။ ကျစရာမျက်ရည်မရှိတော့အောင်လဲ ကျွန်တော့်ကိုကျွန်တော် နာကျည်းရပါတယ်။

တန်ဖိုးထားစိတ်နဲ့ လွတ်ထွက်သွားတဲ့အသိတစ်ချက်က မေတ္တာတွေကို တစ်ဖက်စောင်းနင်းဖြစ်စေခဲ့မယ်မှန်းသာ ကျွန်တော်သိခဲ့ရင်......

ဒီရက်ပိုင်း ကိုကို့စိတ်တွေမကြည်ဘူး။ အထူးသဖြင့် အလုပ်ကိစ္စတွေနဲ့ ပင်ပန်းရတာကြောင့်ပေါ့။ သိပ်ချစ်တတ်တဲ့လူသားကြီးဟာ သူပင်ပန်းရပါကြောင်း လုံးဝဖွင့်မပြောခဲ့ပဲ ကျွန်တော်နဲ့ကလေးတွေကို ဂရုစိုက်မြဲ ဂရုစိုက်ဆဲပါ။

အဲ့ဒီတော့ ကျွန်တော့်ဘက်ကလဲအလိုက်သိစွာနဲ့ပဲ သူကျွန်တော်တို့နဲ့ရှိနေချိန်လေးမှာတော့ စိတ်ချမ်းသာအောင်ကြိုးစားပေးခဲ့ပါတယ်။ သားနဲ့သမီးကလဲ အလိုက်တသိနဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ကိုကို့ကို အမောပြေစေခဲ့တာပါပဲ။

ဒါပေမဲ့ ဒီနေ့ဖြစ်ခဲ့တာတွေကတော့.....

<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

ကော်ဖီပို့ဖို့ စာကြည့်ခန်းတံခါးကို ဖွင့်ချိန်မှာ နားထဲတိုးဝင်လာတာက ဒေါသတကြီးနဲ့ ကိုကို့ရဲ့အော်သံ.....

🖤 Mike မင်းကို ငါ သေသေချာချာ မှာခဲ့ရဲ့နဲ့ အခုဘယ်လိုဖြစ်ရတာတုံး အလုပ်လုပ်နေတာ ကလေးကစားနေတာမဟုတ်ဘူးကွ တောက်

🖤Theories of LOVE♥ 🖤Season-3♥ Final chaptersWhere stories live. Discover now